Monday, March 04, 2013

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ မင်္ဂလာဆောင်တစ်ခုတွင် ဓားထိုးမှုဖြစ်ပွား

Posted by drmyochit Monday, March 04, 2013, under | No comments


 မလေးရှားနိုင်ငံ ကေအယ် ကွာလာလမ်ပူမြို့ရှိ ရွှေတောင် မြန်မာ စားသောက်ဆိုင်၌ မောင်ဇော်မိုး လွင်(ခ) ကျော်ကျော် လွင် နှင့် မသန်း သန်းမြင့်(ခ) မလေး တို့၏ မင်္ဂလာပွဲ ကျင်းပနေစဉ် အချိန်အတွင်း သတို့ သမီး ဓားထိုးမှု တစ်ခုဖြစ်ပွားခဲ့ကြောင်း သိရှိရ သည်။

ဖြစ်တာက ၂၇.၂.၁၃ ရက်နေ့ ညနေအချိန်ပိုင်း မင်္ဂလာပွဲလုပ်နေတဲ့ အချိန်မှာ ဖြစ်သွားတာပါ။ ဧည့်ခံပွဲ လုပ်နေ တဲ့အချိန် ရုတ်တစ်ရက် သတို့ သမီးဖြစ်တဲ့ မလေးကို ဓားနဲ့ ထိုးခံရတဲ့ အတွက် မင်္ဂလာခန်းမ အတွင်းမှာ ရုတ်ရုတ် သဲသဲ ဖြစ်သွားခဲ့တယ်။


သတို့သမီး မလေးမှာ ဗိုက်မှာဒဏ်ရာနဲ့ ဘယ်လက်ဖက်တို့မှာ အပြင်းအထန် ဒဏ်ရာရသွားခဲ့တယ်။ သတို့ သမီးကို အရေးပေါ် ကွာလာလမ်ပူဆေးရုံသို့ ပို့လိုက်ကြတယ်။ ဓားနဲ့ထိုးသူကို ခန်းမထဲက လူတွေချုပ် ထားလိုက်ပြီး " ရဲလက်ထဲ အပ်လိုက်တာကို တွေ့ရပါတယ်ဟု" အခင်းဖြစ်ပွားနေရာသို့ သွားရောက်သော ကိုအောင် မှ ဆိုသည်။

ဓားဖြင့် ဝင်ထိုးသူမှာ မင်းနိုင်(ခေါ်)ညီလုံး ဖြစ်ပြီး အခင်းဖြစ်ပွားရာနေတွင် လူအများမှ ရဲလက်သို့ အပ်ခဲ့ ကြောင်း သိရှိရသည်။

ဒဏ်ရာရရှိသော သတို့သမီးဖြစ်သူ မလေး အား၎င်းနေ့ ညအချိန် တစ်နာရီမှ စတင်၍ လိုအပ်သော ခွဲ စိတ်မှုများ ပြုလုပ်ခဲ့ကာ နေ့လည် ၁၁ နာရီအချိန်တွင် ခွဲစိတ်မှုပြီးဆုံးခဲ့သည်။ မလေး၏ ကျန်းမာရေး အခြေ အနေမှာ ကောင်းမွန်လာပြီး ဆက်လက်၍ ဆေးကုမှု ခံယူနေကြောင်း ဆေးရုံသို့ သွားရောက်ကြည့် ရှုခဲ့သူတစ်ဦးမှ အွန်လိုင်း ရေဒီယို မီဒီယာသို့ ပြောကြားခဲ့သည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်