Monday, March 04, 2013

ထိုင်းနိုင်ငံတွင် မြန်မာ အချင်းချင်း ပြန်ပေးဆွဲ

Posted by drmyochit Monday, March 04, 2013, under | No comments



ထိုင်းနိုင်ငံ မြောက်ပိုင်း နခွန်စ၀မ်မြို့မှာ မြန်မာ အချင်းချင်း ပြန်ပေးဆွဲ ခံရတဲ့ မိန်းကလေးငယ် ၂ ဦးကို ထိုင်းရဲတွေက ကယ်ထုတ် နိုင်ခဲ့တယ်လို့ ထိုင်း သတင်း ဌာနမှာ ဖော်ပြသွားပါတယ်။

သူတို့ ၂ ဦးကို ဘတ်ငွေ တသိန်း ၂ သောင်းနဲ့ လာရွေး ဖို့ ခြိမ်း ခြောက် ထားကြောင်း ဘန်ကောက်ခရိုင်  ခလောင်းတေမြို့က ကုန်စိမ်းဈေး မှာ ဈေးရောင်းနေတဲ့ မြန်မာ အမျိုးသမီး မ၀င်းဝင်းသူက  ခလောင်းတေရဲ စခန်းမှာ လာရောက် တိုင်တန်းတဲ့ အတွက် တရားခံကို ထောင်ချောက်ဆင် ဖမ်းခဲ့တာလို့ ထိုင်းနိုင်ငံ ဘန်ကောက်က လူကုန်ကူးမှု တိုက်ဖျက်နှိမ်နင်းရေးအဖွဲ့ ညွှန်ကြားရေးမှူး ဗိုလ်မှူး ချွန်းလစ် ဆ၀ိုင်ဖစ်က သတင်းစာ ရှင်းလင်းပွဲလုပ်ပြီး ပြောခဲ့ပါတယ်။


အသက် ၁၆ နှစ်နဲ့ အသက် ၁၇ နှစ်အရွယ် မိန်းကလေး ၂ ဦးဟာ မ၀င်းဝင်းသူဆီမှာ အလုပ်လုပ်နေရာက ဇန်န၀ါရီလ ၁၆ ရက်နေ့မှာ ပျောက်ဆုံး သွားခဲ့ပြီးနောက် သူတို့ ၂ ဦးကို ငွေနဲ့ ပြန်ရွေးဖို့ စာရောက် လာတယ်လို့ ဆိုပါတယ်။

မိန်းကလေးတွေကို ပြန်ရွေးဖို့ ခလောင်းတေက ကုန်တိုက် တခုကို ချိန်းဆို လိုက်ပြီး  မ၀င်းဝင်းသူနဲ့အတူ အရပ်ဝတ်ရဲတွေ လိုက်သွား ခဲ့တယ်လို့ ဗိုလ်မှူး ချွန်းလစ် ဆ၀ိုင်ဖစ်က ပြောပါတယ်။

အဲဒီမှာ  မြန်မာလူမျိုးလင်မယား ၂ ဦးဖြစ်တဲ့ မောင်ဟလာအောင် (အသက် ၃၅ နှစ်) နဲ့ မမိုးသီတာ (အသက် ၃၃ နှစ်) တို့နဲ့အတူ ခြိမ်းခြောက်ဖို့ခေါ်လာတဲ့ ရဲအတုအယောင် ထိုင်းလူမျိုး နိုင်းဆစ်တိဖုန်းကိုပါ ဖမ်းဆီးရမိခဲ့ တယ်လို့ ဆိုပါတယ်။

တရားခံတွေကို စစ်ဆေးရာမှ ပြန်ပေး ဆွဲတာ မဟုတ်ကြောင်း ငြင်းဆို ခဲ့ပြီး မ၀င်းဝင်း သူဆီက အကြွေး ဘတ် ၅ သောင်း ရစရာ ရှိတာ မနှစ်က တည်းက အခုထိ ပြန်မဆပ်သေးတဲ့ အတွက် မကျေနပ်လို့ အခုလို လုပ်တာဖြစ်ကြောင်း၊ မိန်းကလေး ၂ ဦးကိုလည်း ချုပ်နှောင် ရိုက်နှက်တာ မလုပ်ရဘဲ နခွန်စ၀မ်က ခေါက်ဆွဲ ဆိုင်တခုမှာ အလုပ်သွင်းပေးထားကြောင်း ထွက်ဆို ခဲ့ပါတယ်။

ရဲစခန်း ကတော့ သူတို့ ၂ ဦးကို ဆက်လက် အရေးယူ သွားမှာဖြစ်ပြီး မိန်းကလေး ၂ ဦးကိုတော့ ထိုင်းနိုင်ငံ မနုဿလုံခြုံရေးဝန်ကြီးဌာန လက်အောက်ခံ ကယ်ဆယ်ရေးဌာနကို ပို့ဆောင်ထားတယ်လို့ သတင်းမှာ ဖော်ပြသွားပါတယ်။

DVB

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်