Monday, March 04, 2013

အမေရိကန်လျှပ်စစ်အင်ဂျင်နီယာ စင်ကာပူမှာ သေဆုံးမှု ပြန်လည်စစ်ဆေး

Posted by drmyochit Monday, March 04, 2013, under | No comments


ပြီးခဲ့တဲ့နှစ် ဇွန်လက စင်ကာပူနိုင်ငံမှာ သေဆုံးခဲ့တဲ့ အသက် ၃၁ နှစ်အရွယ် အမေရိကန်နိုင်ငံသား လျှပ်စစ် အင်ဂျင်နီယာ ရှိန်းတော့ဒ်ရဲ့အမှုကို သူ့မိ ဘတွေ က ပြန်လည်စုံစမ်းစစ်ဆေးဖို့ ကြိုးစားနေ ပါ တယ်။

လျှပ်စစ်အင်ဂျင်နီယာအဖြစ် ပါရဂူဘွဲ့ရထားတဲ့ ရှိန်းကို သူ့အ ခန်းမှာ ကြိုးဆွဲချ သတ်သေ တာတွေ့ရ တယ်လို့ စင်ကာပူရဲက ပြောပါတယ်။ ဒါပေမဲ့ သူ့မိဘတွေ နောက်ပိုင်းတွေ့ရှိတဲ့ ရှိန်းရဲ့ ကွန်ပြူ တာထဲ အချက်အလက်တွေက ရှိန်းနောက်ဆုံးလုပ်ကိုင်ခဲ့တဲ့ အလုပ်ကြောင့် အသတ်ခံရတာ ဖြစ်နိုင်တယ် လို့ ယူဆရပါတယ်။


ရှိန်းရဲ့ ကွန်ပြူတာထဲမှာ စင်ကာပူကုမ္ပဏီ IME နဲ့ တရုတ် ဆက်သွယ်ရေး ကုမ္ပဏီ ဟူဝါဝေ (Huawei) တို့ ဆက်သွယ်ဆောင် ရွက်နေတဲ့ စာတွေ့ရတယ်လို့ သူ့မိဘတွေကပြောပါတယ်။ ဒါပေမဲ့ အမေရိကန် ကွန်ပြူ တာ ကျွမ်းကျင်သူတွေရဲ့ စစ်ဆေးချက်အရ ရှိန်းသေဆုံးပြီးမှ သူ့ကွန်ပြူတာကို ၂ ကြိမ်တိုင်တိုင် ပြင်ဆင်ဖြည့် ဆွက်တာ၊ ဖျက်ထားတာတွေ တွေ့ရပါတယ်။ သေဆုံးပြီး ၃ မိနစ်အကြာမှာ တကြိမ်နဲ့ မိဘတွေ မရောက် ခင် တရက်က ဖြစ်ပါတယ်။

ရှိန်း နောက်ဆုံး အလုပ်လုပ်ခဲ့တဲ့ စင်ကာပူ IME ကတော့ ဒီစီမံကိန်းဟာ အနာဂတ် ကြိုးမဲ့ဆက်သွယ်ရေး အတွက် သုတေသနနဲ့ ဖွံ့ဖြိုးရေး အတွက်ဖြစ်ပြီး ရှိန်းအနေနဲ့ ဒီစီမံကိန်းနဲ့ ပတ်သက်မှုမရှိဘူးလို့ငြင်း ဆို ပါတယ်။ တရုတ်ကုမ္ပဏီ Huawei ကလည်း စီမံကိန်းလက်တွဲလုပ်ဖို့ အစီအစဉ် မဖြစ်မြောက် ခဲ့ကြောင်း ပြောပါတယ်။

အမေရိကန်က စုံစမ်းရေးအဖွဲ့ကို ငှားရမ်းစစ်ဆေးတဲ့အခါ ရှိန်းကြိုးဆွဲချ သေဆုံးခဲ့တယ်လို့ ဆိုတဲ့ ရေချိုးခန်း မှာ ကြိုးဆွဲစရာနေရာ မတွေ့ရသလို ခန္ဓာကိုယ်မှာ ခုခံတိုက်ခိုက်ထားတဲ့ ဒဏ်ရာတွေကိုလည်း
တွေ့ရပါ တယ်။ ကြိုးဆွဲချသေဆုံးသူရဲ့ အဆုတ်ထဲမှာ ဖြစ်နေသင့်တဲ့ အနေအထားမျိုးကိုလည်း မတွေ့ ရပါဘူး။ ဒါ့အပြင် သူဟာခရီးထွက်ဖို့ အဆင့်သင့် ထုတ်ပိုးပြင်ဆင်ထားခဲ့တာပါ။ မသေဆုံးခင်က မိသားစုကို သူ့အလုပ်နဲ့ ပတ်သက်ပြီး သူ့အသက်အန္တရာယ်ကို စိုးရိမ်ကြောင်း ထုတ်ဖော်ပြောခဲ့တယ်လို့လည်း သိရပါတယ်။ သူဟာ အမေရိကန်နိုင်ငံရဲ့ အမျိုးသားလုံခြုံရေးကို ထိခိုက်စေတဲ့ တရားမ၀င်တဲ့အလုပ်ကို လုပ်မိနေသလား မသေခြာတဲ့အကြောင်းကို ပါပြောဆိုခဲ့တယ်လို့ မိဘတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ နှစ် အောက်တိုဘာလကပဲ Huawei နဲ့ ZTE တရုတ်ကုမ္ပဏီ ၂ခုဟာ နိုင်ငံခြားအစိုးရရဲ့ သြဇာမကင်းဘဲ လွတ်လပ်တဲ့စီးပွားရေးအဖွဲ့တွေ မဟုတ်တဲ့အကြောင်း အမေရိကန်စုံစမ်းရေးကော်မတီက ထုတ်ပြန်ထား ပါတယ်။ Huawei ကတော့ ဒီအချက်ကို အခြေအမြစ်မရှိတဲ့ စွတ်စွဲချက်လို့ တုန့်ပြန်ပါတယ်။

အခုလက်ရှိမှာတော့ ရှိန်းသေဆုံးမှုနဲ့ ပတ်သက်ပြီး အမေရိကန် လွှတ်တော် ဘဏ္ဍာရေးကော်မတီ ဥက္ကဌက ဒီကိစ္စကို အမေရိကန်အစိုးရက မပြတ်စောင့်ကြည့်နေရေး ကြိုးပန်းသွားမယ်လို့ ပြောပါတယ်။ 

(MZ/Burma-Newselite)

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်