Wednesday, February 06, 2013

တီဗီ ၁ နာရီကြည်တိုင်း အသက် ၂၂ မိနစ်တို

Posted by drmyochit Wednesday, February 06, 2013, under | No comments




ထူးထူး ခြားခြား လေ့လာ တွေ့ရှိချက် တစ်ခု ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံ၊ Yale တက္ကသိုလ်မှ ဆေး ပညာရှင် များက စစ်တမ်း အရ ရှာဖွေတွေ့ရှိ ထားခြင်း ဖြစ်ပါတယ်။
 
တီဗီကို တစ်နာရီ ပတ်လုံး ထိုင်ကြည့်တဲ့ အခါ ကိုယ်လတ် လှုပ်ရှား မှုများ မရှိတဲ့ အတွက် အဆီတက် စေပါတယ်။ ကိုယ်တွင်း ကယ်လိုရီ လောင်ကျွမ်းမှု အားနည်းပြီး သွေးကြော ပိတ်ခြင်း၊ သွေးကြောကျဉ်းခြင်း၊ Fatty acid တိုးခြင်း တို့ ဖြစ်စေပါတယ်။ တစ်နာရီပတ်လုံး ယင်းဖြစ် စဉ်များ ဆက် တိုက် ဖြစ်ရင် ကိုယ်တွင်း ဇီဝလောင်ကျွမ်းမှု စနစ် အလုပ်လုပ်ဆောင် မှု နှေးကွေးပြီး အကြောအားနည်းတာတို့၊ ဦးခေါင်းသို့ သွေးစီးမှု နှေးတဲ့ အတွက် ခေါင်းမူး တာတို့ ဖြစ်စေပါတယ်။


ဒါကြောင့် ဘာမှ မလှုပ်မရှုက်ပဲ တီဗီ ၁ နာရီထိုင်ကြည့်လိုက်ခြင်းဟာ ပျှမ်းမျှ အားဖြင့် တီဗီမ ကြည့်တဲ့ လူထက် ကျန်းမာရေး ကောင်းမွန်မှုက ၃၀ ရာခိုင်နှုန်း ကျော် လျော့နည်းသွားပြီး အသက်နဲ့ တွက်လိုက်ရင် ၂၂ မိနစ်စာ အသက် လျော့သွားစေပါတယ်။ ဒါကြောင့် တစ်ရက်ကို ပျှမ်းမျှ ၆ နာရီ တီဗီ ကြည့်သူဟာ သာမန်လူတွေထက် ငါးနှစ်လောက် အသက်တိုတာကို လည်း လေ့လာ တွေ့ရှိ ခဲ့ပါတယ်။
ကွန်ပြူတာ အသုံးပြု အလုပ်လုပ် သူတွေထက် တီဗီကြည့် သူများ ပိုဖြစ်ပြီး ကွန်ပြူတာ အသုံးပြု လုပ်ကိုင်သူ များကလည်း ကိုယ်လက် လှုပ်ရှားမှု ရှိရန် လိုအပ် တယ်လို့ ဆိုပါတယ်။ ရုံးချိန် ဆက်တိုင် ထိုင်ရာမှ မထ တည်တည် အလုပ် လုပ်ခြင်း ကလည်း တီဗီကြည့် သူနဲ့ မထူး မခြားနား ကျန်းမာရေး ချို့ယွင်းလို့ အသက် တိုနိုင်ကြောင်း သိရ ပါတယ်။

Ref: medic-facts

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်