Wednesday, February 06, 2013

တူနီးရှား အဓိက အတိုက်အခံခေါင်းဆောင် လုပ်ကြံသတ်ဖြတ်ခံရ

Posted by drmyochit Wednesday, February 06, 2013, under | No comments

ဘီလစ်ဒ်သည် အစ္စလာမ်မစ် အစိုးရနှင့် အတိုက်အခံ အင်အားစုတို့ကြား ပူးပေါင်းမှုကို ဖော်ဆောင်ရန် ကြိုးစား ဆောင်ရွက်နေသူ ဖြစ်သည်။ ၎င်းသည် နေအိမ်အနီးတွင် သေနတ်နှင့် (၄)ချက် ပစ်ခံရပြီး ဦးခေါင်းနှင့် ရင်ဘတ်တို့တွင် ဒဏ်ရများ ရရှိကာ သေဆုံးခဲ့သည်။
(တူနီးရှား အဓိက အတိုက်အခံခေါင်းဆောင်တစ်ဦးဖြစ်သည့် ဘီလစ်ဒ်)
တူနီးရှား နိုင်ငံတွင် အဓိက အတိုက်အခံခေါင်းဆောင်တစ်ဦး ယနေ့ (ဖေဖေါ်ဝါရီ ၇ ရက်) လုပ်ကြံ သတ်ဖြတ် ခံရပြီးနောက် ပြည်သူများက ပြည်ထဲရေး ဝန်ကြီးဌာနရှေ့တွင် စုရုံး ဆန္ဒပြခဲ့သည်။ အတိုက်အခံ အဓိကခေါင်းဆောင် ရှုခ်ရီ ဘီလစ်ဒ်သည် နေအိမ်အနီးတွင် သေနတ်ဖြင့် ပစ်ခတ် လုပ်ကြံခံခဲ့ရခြင်း ဖြစ်သည်။ ၎င်း၏ သတင်းဆိုးကို ကြားသိပြီးနောက် ဗုဒ္ဓဟူးနေ့တွင် လူပေါင်း (၁၀၀၀)မျှသည် ပြည်ထဲရေး ဝန်ကြီးဌာန ရှေ့တွင် စုရုံးကာ ဆန္ဒပြခဲ့ကြသည်။ ဘီလစ်ဒ် သေဆုံးမှုအတွက် ရှက်စရာဖြစ်ကြောင်း၊ အစိုးရ အနေဖြင့် နုတ်ထွက်သင့်ကြောင်း လူအများက အော်ဟစ်ကြသလို အချို့ကလည်း ၎င်းတို့ လေးစားသည့် အတိုက်အခံ ခေါင်းဆောင်အတွက် ငိုကြွေးခဲ့ကြသည်။

နောက်ပိုင်းတွင် လုံခြုံရေး တပ်ဖွဲ့များက လမ်းများတွင် ဖြန့်ကျက် နေရာယူကာ ဆန္ဒပြသူများ၏ ပတ်ဝန်းကျင်ကို ဝန်းရံ စောင့်ကြည့်နေကြောင်း မျက်မြင်များက ပြောကြားခဲ့သည်။ Twitterတွင် မျက်မြင်တစ်ဦးက လုံခြုံရေး တပ်ဖွဲ့များသည် ကျည်ဆန် အစစ်များကို အသုံးပြုရန်ပင် စီစဉ်ထားပြီး ဆန္ဒပြသူများက ထိတ်လန့်စွာ ထွက်ပြေးခဲ့ကြောင်းလည်း ရေးသားထားသည်။ ဝန်ကြီးချုပ် ဟာမာဒီ ဂျီဘာလီသည် ယခုကိစ္စအတွက် အဓိက ရှုတ်ချခံရဖွယ် ရှိနေပြီး နိုင်ငံရေးအရ လှည့်ကွက်ဆန်သော လုပ်ကြံမှု တစ်ခုဟု အများစုက သုံးသပ်နေသည်။ 

(ဘီလစ်ဒ် သေနတ်ဖြင့် ပစ်ခတ်ခံရသည့် နေရာ)

အဆိုပါ သတင်းကို ကြားသိပြီးနောက် တူနီးရှား သမ္မတသည် နိုင်ငံခြား ခရီးစဉ် တစ်ခုမှ ချက်ချင်း ပြန်လာသည်။ ဘီလစ်ဒ်သည် အစ္စလာမ်မစ် အစိုးရနှင့် အတိုက်အခံ အင်အားစုတို့ကြား ပူးပေါင်းမှုကို ဖော်ဆောင်ရန် ကြိုးစား ဆောင်ရွက်နေသူ ဖြစ်သည်။ ၎င်းသည် နေအိမ်အနီးတွင် သေနတ်နှင့် (၄)ချက် ပစ်ခံရပြီး ဦးခေါင်းနှင့် ရင်ဘတ်တို့တွင် ဒဏ်ရများ ရရှိကာ သေဆုံးခဲ့သည်။ 

(ဘီလစ်ဒ်၏ ရုပ်အလောင်းအား ဆေးရုံသို့ သယ်ဆောင်သွားစဉ်)

ဘီလစ်ဒ်သည် မကြာသေးမီ ရက်ပိုင်း ကတည်းက အသက်အန္တရာယ် ခြိမ်းခြောက်မှုများ ခံခဲ့ရပြီး France 24TVက ၎င်း၏ အိမ်အနီးတွင် ကားအနက်နှင့် လူ(၃)ဦးကို တွေ့မြင်သူများ ရှိခဲ့ကြောင်း ဖော်ပြခဲ့သည်။ တူနီးရှားသည် လွန်ခဲ့သည့် (၂)နှစ်အတွင်း အာရပ်ကမ္ဘာတွင် စတင်လာသည့် အစိုးရဆန့်ကျင်ရေး လှုပ်ရှားမှုများကို ပထမဆုံး ဖော်ဆောင်ခဲ့သော နိုင်ငံလည်း ဖြစ်သည်။ လက်ရှိတွင် နိုင်ငံ၏ အုပ်ချုပ်ရေး ကဏ္ဍအရ လူမှုရေးနှင့် ဘာသာရေးဆိုင်ရာ အငြင်းပွားမှု ပြဿနာများ ရှိနေဆဲဟုလည်း သိရှိရသည်။

Planet News

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်