Wednesday, February 06, 2013

အင်္ဂလန် ဘုရင် ရစ်ချတ် ၃ ၏ ကြွင်းကျန် ရစ် သော အရိုးစု ကို ကားရပ်နားရန် နေရာ အောက်မှာ ရှာတွေ့ 

Posted by drmyochit Wednesday, February 06, 2013, under , | No comments




၁၄ ရာစု နှစ် အင်္ဂလန် ဘုရင် ရစ်ချတ် ၃ ၏ ကြွင်းကျန် ရစ် သော အရိုးစု ကို သိပ္ပံ ပညာရှင်
များ က လိုင်ဆက် စတာ တက္ကသိုလ် ပရ၀ုဏ် ထဲရှိ ဂရေး ဖရိုင်ယာ ဘုရားကျောင်း ၏ ကား
ရပ်နား ရန် နေရာ အောက် တွင် တွေ့ ရှိ ခဲ့ သည် ဟု The Guardian သတင်းစာ တွင် ဖော်
ပြထား သည်။


၁၄၈၅ ခုနှစ် ဘောစ်ဝတ် စစ်ပွဲ တွင် ကျဆုံး သွား ခဲ့ သည့် ရစ်ချတ် ၃ ဘုရင် ၏ အလောင်း
ကို ရှေးဟောင်းသုတေသန ပညာရှင် များ က အင်္ဂလန် နိုင်ငံ အလယ် ပိုင်း လိုင်ဆက်စတာ
တက္ကသိုလ် ပရ၀ုဏ် ထဲ တွင် ယခင် နှစ် သြဂုတ် လ က တွေ့ ရှိ ခဲ့ ပြီး DNA နှင့် ကာဗွန် စမ်း
သပ် ချက် များ အရ ရစ်ချတ် ၃ ဖြစ်သည် ကို တွေ့ ရှိ ရခြင်း ဖြစ်သည်။

အရိုးစု တွင် စစ်ပွဲ တွင် ရရှိခဲ့ သည့် ဒဏ် ရာ ၊ အနည်းငယ် ခါးဒဏ်ရာ ရှိ သည့် ကျောရိုး
နှင့် တင်ပဆုံ ရိုး မှ တစ်ဆင့် ခါး ထိရရှိ ခဲ့ သည့် ဒဏ် ရာခဲ့ သည့် အထောက်အထား
တို့  ကို လည်း တွေ့ ရှိရသည်။
ရစ်ချတ် ၃ သည် အသက် ၃၂ နှစ် အရွယ် တွင် ကွယ် လွန် ခဲ့ ခြင်း ဖြစ် ပြီး အင်္ဂလန် ထီးနန်း
ကို နှစ် နှစ် သာ စိုး စံ ခဲ့ ရသည်။

DNA စမ်းသပ် ချက် တွင် ရစ်ချတ် ၃ ၏ မျိုးဆက် ဖြစ်သည့် ရစ်ချတ် ၁၇ ၏ သက်ရှိ ထင်ရှားရှိ
နေသည့် တူ Michael Ibsen ၏ DNA နှင့် ကိုက်ညီ စစ်ဆေးခဲ့ ခြင်း ဖြစ်သည်။

ရစ်ချတ် ၃ သည်ဘောစ်ဝတ် စစ်ပွဲ တွင် နောက်ပိုင်း တွင် အင်္ဂလန် ပြည့်ရှင်Henery VII
ဖြစ်လာ ပြီး ပြုပြင်ပြောင်းလဲ ရေး အချို့  ကို စတင် မည့် Henry Tudor ၏ ထကြွ ပုန်ကုန်
မှု ကို နှိမ်နှင်း ရင်း ကျဆုံး ခဲ့ ခြင်း ဖြစ်သည်။

ဟင်နရီ ၇ လက်ထက် မှ စကာ အင်္ဂလန့် ပြည့် ရှင် များ သည် လန်ဒန် ရှိ ၀တ်(စ)မင်နစတာ
အက်ဘေး တွင် မြုပ် နှံ သော် လည်း ရစ်ချတ် ၃ မှာ နေ၀င် ဘုရင် အဖြစ် မထင် မရှား ဇာတ်
သိမ်း ခဲ့ ရသည်။

အင်္ဂလန် စာဆို ရှိတ်စပီးယား ၏ ၀တ္ထု များ တွင် မူ ရစ်ချတ် ၃ ကို ဗီလိန် တစ်ယောက် အဖြစ်
သာ ပုံ ဖော် ခဲ့ သည်။

ရစ်ချတ် ၃ ၏ ဦးခေါင်းခွံ ကို အခြေခံ ၍  အနီးစပ်ဆုံး ပြန် လည် ပုံ ဖော် ထား သည့် မျက် နှာ ကိုSociety of Antiquaries at Burlington House in Piccadilly, London တွင် ကာလ အကန့်အသတ် ဖြင့် ပြသထား မည် ဖြစ်သည်။


0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်