Wednesday, February 06, 2013

မြန်မာ့ဆက်သွယ်ရေးမှ အရာရှိ ရှစ်ဦးကို အများနှင့်ဆိုင်သော ပစ္စည်းကာကွယ်သည့် ဥပဒေဖြင့် တရားစွဲမည်

Posted by drmyochit Wednesday, February 06, 2013, under | No comments

ရန်ကုန်၊ ဖေဖော်ဝါရီ-၂

ပြည်ထဲရေး ၀န်ကြီးဌာနလက် အောက်ရှိ အထူးစုံစမ်း စစ်ဆေးရေးဌာနက တာဝန်ယူစစ်ဆေးနေသည့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အရာရှိ ရှစ်ဦးကို အများနှင့် သက်ဆိုင်သော ပစ္စည်းကာကွယ်သည့်ဥပဒေ (အပက-၃)ဖြင့် တရားစွဲဆိုသွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။

နိုင်ငံတော်ပိုင် ဘဏ္ဍာငွေများကို အလွဲသုံးစားလုပ်မှု၊ ပြည်တွင်းဆက်သွယ်ရေးကဏ္ဍအ တွက် ၎င်းတို့ သုံးစွဲ သည့် စက်ပစ္စည်းများ၏ေõဈးနှုန်းပမာဏများကို မူရင်းနှုန်းထားများထက် အဆများစွာ ပိုမို တင်ပြတောင်း ခံမှု အပါအ၀င် အခြားသော သံသယရှိဖွယ်ပြဿနာများအတွက် ယခုကဲ့သို့ ပုဒ်မ ၄၀၉ မှ အပက-၃ သို့ ပြောင်းလဲတရားစွဲဆိုရန် စီစဉ်ရခြင်းဖြစ်ကြောင်း သိရသည်။

ယခုလက်ရှိတွင် ပုဒ်မ ၄၀၉ ဖြင့် စစ်ဆေးခံနေရသည့် အဆိုပါ ပုဂ္ဂိုလ်ရှစ်ဦးသည် အပက-၃ သို့ ပြောင်းလဲ တရား စွဲဆိုခံရပြီး ပြစ်မှုထင်ရှားသည်ဆိုပါက အနည်း ဆုံးထောင်ဒဏ်ဆယ်နှစ်မှ အများဆုံး တစ်သက် တစ်ကျွန်း အထိ ကျခံရနိုင်ကြောင်း နေပြည်တော်၊ ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ရှိ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ မှုခင်းဌာန၏ ဒုတိယရဲမှူးကြီးဝင်းစိန်ကပြောသည်။

“အခုအချိန်မှာ ပြောနိုင်တာက ပုဒ်မ ၄၀၉ ကနေ အပက-၃ ကိုတက်ဖို့ကတော့ သေချာနေပါ တယ်။ ပြစ်မှုမြောက် ရင်တော့ ဥပဒေအတိုင်း အရေးယူသွားမှာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာကတော့ ဒီထက် အများကြီး မသိရသေးဘူးဖြစ်နေတယ်။ စစ်ဆေးဆဲကာလက မတက်သေးဘူးပေါ့” ဟုအထက်ပါ တာဝန်ရှိသူက ဆက်လက်ပြောကြားသည်။

အပက-၃ ဖြင့် တရားစွဲဆိုခြင်းကို နှစ်လအတွင်း ဆောင်ရွက်သွားမည်ဟု သိရသည်။

အရာရှိ ရှစ်ဦးတွင် ယခင်က မိုဘိုင်းအင်ဂျင်နီယာချုပ်အဖြစ် တာဝန်ယူခဲ့ဖူးသည့် လက်ရှိမြန်မာ့ ဆက်သွယ်ရေး၏ အထွေ ထွေမန်နေဂျာ အပါအ၀င် အင် ဂျင်နီယာချုပ် အဆင့်ရှိသူများနှင့်အတူ မြန်မာ့ ဆက်သွယ်ရေးနှင့် အနီးစပ်ဆုံး လုပ်ငန်းတစ်ခုဖြစ် သော ရတနာပုံတယ်လီပို့ ကုမ္ပဏီလီမိတက်နှင့် အကျိုးတူ ပူးပေါင်းထားသော အခြားပုဂ္ဂလိက လက်ခြေခံကုမ္ပဏီ အချို့မှ တာဝန်ရှိသူအချို့လည်း စစ်ဆေးမေးမြန်း မှုများတွင် ပါဝင်နေသည်ဟု ပြည်ထဲရေးဝန်ကြီးဌာနမှ စုံစမ်းသိရှိရသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်