Wednesday, February 06, 2013

မြစ်ကြီးနား ပြည်သူ့ဆေးရုံဝင်း အတွင်းတွင် မီးလောင်မှု ဖြစ်ပွား

ဖေဖော်ဝါရီလ (၆)ရက် နံနက် (၄း၀၀)နာရီခန့်တွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် ပြည်သူ့ဆေးရုံဝင်း အတွင်းရှိ အလုပ်သမားဝန်ထမ်းတန်းလျားတွင် ၀ါယာရှော့ဖြစ်ကာ မီးလောင်ကျွမ်းမှု တစ်ခုဖြစ် ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် ၀န်ထမ်းလိုင်း ၆ ခန်းတွဲ ၁ ခန်းနှင့် ၄ ခန်းတွဲ ၁ ခန်း မီးကူး စက်လောင်ကျွမ်း ခဲ့ပြီး ကျပ်(၇)သိန်းခန့် ဆုံးရှုံးခဲ့ကာ သေဆုံးမှုနှင့် ဒဏ်ရာရရှိမှုများမရှိကြောင်း မြစ်ကြီး နားမြို့နယ် မီးသတ် ဦးစီးဋ္ဌာနမှ သိရှိရသည်။

“လျှပ်စစ်မီးကြိုးတွေက ပေါက်ပြဲနေတယ်။ အဲဒီကနေ အပူလွန်ကဲပြီး မျက်နှက်ဂျက်ကနေ စတင် လောင် ကျွမ်း တာပါ။ ၅ နာရီလောက်မှာ မီးငြိမ်းသွားပါတယ်။ အိမ်ရဲ့ သွပ်မိုး၊ ပြင်ကာ၊ ပြင်ခင်းတွေနဲ့ အသုံးဆောင် ပစ္စည်းတွေ ပါသွားတယ်။ ဆုံရှုံးမှုတန်ဖိုးက ၇ သိန်းပါ” ဟု မြို့နယ်မီးသတ်ဦးစီးဋ္ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြော သည်။

သို့သော် မီးလောင်ကျွမ်းခံရသည့် အခန်းပိုင်ရှင်များမူ ယင်းတို့၏ ဆုံးရှုံးမှု တန်ဖိုးသည် တစ်ခန်းလျှင် ကျပ် (၁၀) အထက် ရှိကြောင်း ပြောသည်။

` မီးသတ်က တွက်တဲ့ တန်ဖိုးကတော့ ကျပ် ၇ သိန်းပေါ့နော်၊တကယ်တမ်း ကျွန်မတို့ တစ်အိမ်တည်း တင်၁၀သိန်းအထက်ဆုံးရှုံး တယ်။ ဆိုလာပြားတစ်ခုမှာတောင်၆သိန်းရှိနေပြီတခြားဟာ ဆိုရင်မတွက် နဲ့တော့` ဟု မီးလောင် ကျွမ်းခံရသည့်အိမ်မှ ဝန်ထမ်းတစ်ဦးကပြောသည်။

“မီးသတ်ကားကလည်း ဆီမရှိလို့တဲ့ နောက်ကျမှ ရောက်လာတယ်။ ဘယ်လို မီးသတ်ဌာနမှန်းမသိဘူး” ဟု မီးလောင် ကျွမ်းခံရသည့် အခန်းပိုင်ရှင် ဝန်ထမ်းတစ်ဦးက ပြောသည်။

မီးလောင် ကျွမ်းခံရသည့် ဝန်ထမ်းများအား ဧရာရပ်ကွက်ရှိ ဧမာနွေလ ဘုရားကျောင်းတွင် ခိုလှုံခွင့်ပြု ထားကြောင်းသိရသည်။

ကချင်ပြည်နယ် ပြည်တွင်းစစ်ကြောင့် မြစ်ကြီးနားမြို့သို့ ပေးနေသည့် ဒူဘန်ရေအားလျှပ်စစ်ဌာနတွင် ဗုံးထိခိုက် မှုကြောင့် နိုဝင်ဘာလ (၂၄) ရက်နေ့မှ စတင်ကာ မီးပျက်ခဲ့သည်မှာ ၁ လခွဲကြာမြင့်ခဲ့သည်။ ယခု မီးပြန်လာ ချိန်တွင် ဝါယာရှော့ဖြစ်ကာ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။


ထွန်းနေအောင် (မြစ်မခ)

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်