Wednesday, February 06, 2013

မြန်မာပြည်လျှပ်စစ်ဓါတ်အား သုံးစွဲနိုင်ရန် ကမ္ဘာ့ဘဏ်မှ ဒေါ်လာ ၁၆၅သန်း ချေး

Posted by drmyochit Wednesday, February 06, 2013, under | No comments




မြန်မာ နိုင်ငံ အတွင်းရှိ ပြည်နယ်နှင့် တိုင်းအားလုံး လျှပ်စစ် ဓာတ်အား သုံးစွဲခွင့် ရရှိရေး အတွက် ကမ္ဘာ့ ဘဏ် မှ အတိုးနှုန်း မပါပဲ ဒေါ်လာ(၁၆၅) သန်းခန့်ကို ကူညီ ပံ့ပိုး ပေးမည်ဟု ကမ္ဘာ့ ဘဏ်မှ သိရှိရသည်။

ကမ္ဘာ့ဘဏ် အနေဖြင့်  မြန်မာ နိုင်ငံ အတွင်း လျှပ်စစ် ဓာတ်အားပေး စနစ် ဖြန့်ဖြူးရေး အတွက် ကူညီ ပံ့ပိုးပေး ရခြင်း မှာမြန်မာ နိုင်ငံ ပြုပြင်ပြောင်း လဲရေး လုပ်ငန်းများကို လုပ်ဆောင်စဉ် တစ်ဖက် တစ်လမ်းမှ ပူးပေါင်း ပါဝင် ခြင်း ဖြစ်သည်ဟု MIGA မှ ဒုတိယ ဥက္ကဌက ဆိုသည်။


“စီးပွားရေး ဖွံ့ဖြိုး တိုးတက်ဖို့ ၊ အလုပ် အကိုင် အခွင့် အလမ်း ဖန်တီးပြီး ဆင်းရဲ မွဲတေမှု လျော့ ချပေး နိုင်ရေး တို့ အဲ့ဒါတွေက မြန်မာနိုင်ငံရဲ့ ပြုပြင် ပြောင်းလဲရေး တွေမှာ အပါ အ၀င် ဖြစ်တယ်လေ ဒါကြောင့် မို့လို့ အခုလို စွမ်းအင် အဆောက် အအုံတွေ တိုးတက် မြင့်မားစေဖို့ ကူညီတာပါ” ဟု MIGA(Multilateral Investment Guarantee Agency) မှ ဒုဥက္ကဌ Michel Wormser ကပြောသည်။

 မြန်မာ နိုင်ငံတွင် စီးပွားရေးနှင့် လူမှုရေး လုပ်ငန်းများ တိုးတက် ဖွံ့ဖြိုး လာစေရန် အတွက် လျှပ်စစ် ဓာတ် အားပေး ဖြန့်ဖြူးရေး စနစ်သည် အရေးပါ ခြင်းကြောင့် ကမ္ဘာ့ဘဏ် အနေဖြင့် အစိုးရနှင့် လက်တွဲ လုပ်ဆောင် ရခြင်း ဖြစ်သည်ဟု IFC အလုပ်အမှုဆောင် ဒုတိယ ဥက္ကဌက ဆိုသည်။

“လျှပ်စစ် ဓာတ်အားပေး စနစ်ကို ဖြန့်ဖြူးရေး မြန်မာ နိုင်ငံ အတွက် ကြီးမားတဲ့ အနာဂတ် လူမှုရေး နှင့် စီးပွားရေး အလား အလာကို အကောင်အ ထည်ဖော်ဖို့ အရေး ကြီးတယ် ဒါကြောင့် ကျွန်တော် တို့က အစိုးရနဲ့ လက်တွဲပြီး လုပ်ဆောင် တာပါ” ဟု IFC အလုပ်အမှုဆောင် ဒုတိယ ဥက္ကဌ ဂျင်ယောင် ချိုင်းက ပြောသည်။

မြန်မာ နိုင်ငံတွင် လျှပ်စစ် မီးကို အချိန်ပိုင်း အလိုက်သာ သုံးစွဲ ရသူများ ရှိပြီး အခြားသော ပြည်နယ်နှင့် တိုင်းများတွင် Transformer မီးစက်များ မရှိခြင်းကြောင့် လျှပ်စစ် မီးအစား ဖယောင်းတိုင် နှင့် ရေနံဆီ မီးခွက်များ ဖြင့်သာ အလင်း ရရှိရေး အတွက် ကြံဖန် ကြရသည်ဟု အင်းလေး ဒေသခံ များထံက သိရှိရ သည်။

“ အရင်က မီးသွယ်တန်းဖို့ ဆိုပြီး ပိုက်ဆံကောက်တယ် ဒါပေမဲ့ မီး မရ သေးဘူး ၊ ဖယောင်းတိုင် ၀ယ်ပြီးတော့ ပဲ အလင်း ရအောင် သုံးရတယ် ၊ ထမင်းဟင်း ချက်တော့ လည်းမီးဖို မီးမွှေးပြီး တည်ရ တာပေါ့” ဟု ရှမ်းပြည်နယ် တောင်ပိုင်း ညောင်ရွှေမြို့နေ ဒေသခံတစ်ဦးက ပြောသည်။

ကမ္ဘာ့ ဘဏ်သည် မြန်မာနိုင်ငံ၏ ကျောင်းပညာရေး ၊ ကျန်းမာရေး ဆေးပေးခန်း များနှင့် ကျေးလက် အဆောက် အဦးများ ဆောက်လုပ်ကာ ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်း များအတွက် အမေရိကန် ဒေါ်လာ သန်း (၈၀) ကိုလည်း အဖွဲ့ အစည်း အချို့အား ပေးအပ် ခဲ့သည်။

လာမည့် ၂၀၂၀ခုနှစ်တွင် IFC အနေဖြင့် မြန်မာ နိုင်ငံ စီးပွားရေး ဖွံ့ဖြိုး တိုးတက် စေရေး အတွက် နိုင်ငံတော် အစိုးရနှင့် ကုန်သည်ကြီးများ အသင်းတို့ဖြင့် လက်တွဲကာ လုပ်ငန်း များကို ဆောင် ရွက် သွားရန် အစီ အစဉ် ရှိကြောင်း သိရှိရသည်။

မြန်မာ နိုင်ငံ လျှပ်စစ် ဓာတ်အား ဖြန့်ဖြူး ပေးနိုင်ရေး အတွက် ဒေါ်လာ (၁၆၅) သန်း ပံ့ပိုး ကူညီ ပေးခြင်း ကို ဖေဖော် ၀ါရီလ ၅ရက်နေ့ နေ့လည် (၂)နာရီဝန်းကျင်တွင်ရန်ကုန်မြို့ရှိ ချက်ထရီရမ်ဟိုတယ်တွင် ကျင်း ပ ပြု လုပ် ခဲ့သည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်