Wednesday, February 06, 2013

ဆော်လမွန်နှင့် ဆန်တာခရုစ်ကျွန်းစုတို့တွင် အင်အားပြင်းငလျင်များ လှုပ်ခတ်

Posted by drmyochit Wednesday, February 06, 2013, under , | No comments

အင်အား ရစ်ခ်ျတာစကေး (၈.၀)ရှိသည့် ငလျင်ကြီး အပြီးတွင် ယင်းဒေသ အနီး၌ပင် နောက်ဆက်တွဲ ပြင်းအား အဆင့်(၆.၃)ရှိသည့် တုန်ခါမှုတစ်ခု ထပ်မံဖြစ်ပွားသလို ရစ်ခ်ျတာစကေး (၆)အထက်ရှိ နောက်ဆက်တွဲ ငလျင်လှိုင်းများပါ ရိုက်ခတ်ခဲ့ကြောင်းလည်း သိရှိရသည်။


ဆော်လမွန် ကျွန်းစုဒေသ အနီးတွင် အင်အား ပြင်းထန်သော ငလျင်တစ်ခု ယနေ့ (ဖေဖေါ်ဝါရီ ၆ ရက်၊ ဗုဒ္ဓဟူးနေ့) လှုပ်ရှားသွားကြောင်း သိရှိရသည်။ ပစိဖိတ် ဆူနာမီ တိုင်းတာရေး စင်တာက အမြင့် (၃)ပေရှိသော ရေလှိုင်းများ ဆော်လမွန် ကမ်းခြေသို့ ရိုက်ခတ်ခဲ့ကြောင်း ပြောဆိုခဲ့ပြီး ရစ်ခ်ျတာစကေး (၈.၀) အဆင့်ရှိ ငလျင်နှင့်အတူ နောက်ထပ် ဆူနာမီ ရေလှိုင်းများလည်း ဖြစ်ပေါ်လာနိုင်ကြောင်း အဆိုပါ စင်တာက သတိပေးခဲ့သည်။ 


ယင်းကျွန်းစု၏ ကမ်းခြေဒေသရှိ ရွာများကိုလည်း ရွှေ့ပြောင်းရန် ချက်ချင်း အမိန့်ထုတ်ပြန်ခဲ့သည်။ ဆော်လမွန်ကျွန်းစု နိုင်ငံ၏ အစိတ်အပိုင်း တစ်ခုဖြစ်သည့် ဆန်တာခရုဇ် ကျွန်းစုများ၏ အရှေ့ဘက် မိုင်(၂၂၀)အကွာ ရေအနက် (၃)မိုင်ကို ဗဟိုပြု လှုပ်ရှားသည့် ငလျင်မှာ အင်အားပြင်းထန်ကြောင်း စင်တာက ပြောကြားခဲ့သည်။ အင်အား ရစ်ခ်ျတာစကေး (၈.၀)ရှိသည့် ငလျင်ကြီး အပြီးတွင် ယင်းဒေသ အနီး၌ပင် နောက်ဆက်တွဲ ပြင်းအား အဆင့်(၆.၃)ရှိသည့် တုန်ခါမှုတစ်ခု ထပ်မံဖြစ်ပွားသလို ရစ်ခ်ျတာစကေး (၆)အထက်ရှိ နောက်ဆက်တွဲ ငလျင်လှိုင်းများပါ ရိုက်ခတ်ခဲ့ကြောင်းလည်း သိရှိရသည်။ 

ငလျင်ကြီး လှုပ်ခတ်ပြီးနောက် ဆော်လမွန်ကျွန်းစု နိုင်ငံအပြင် ပါပူအာ နယူးဂီနီ၊ ဖီဂျီတို့တွင် ဆူနာမီ အရေးပေါ် သတိပေးချက် ထုတ်ပြန်ခဲ့သလို အင်ဒိုနီးရှား၊ ဩစတြေးလျ၊ နယူးဇီလန်၊ အမေရိကန် ဆာမို အာနှင့် မာရှယ်လ်ကျွန်းစုတို့တွင် ဆူနာမီ စောင့်ကြည့်မှုများ ပြုလုပ်ခဲ့သည်။ နယူးဇီလန် အစိုးရသည် မြောက်ပိုင်းကျွန်းစုများတွင် ဆူနာမီ အလားအလာ သတိပေးချက်ကို ထုတ်ပြန်ခဲ့သည်။

Update: ထပ်မံသိရှိရသော သတင်းများအရ ငလျင်လှုပ်ခတ်မှုကြောင့် ဆော်လမွန်ကျွန်းစုတွင် ဆူနာမီရေ လှိုင်းများ တက်ရောက်ခဲ့ပြီး လူ ၄ ဦသေဆုံးကာ ၂ ဦးပျောက်ဆုံးနေကြာင်း သိရှိရသည်။

Source: The Wall Street Journal

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်