Wednesday, February 06, 2013

ရေဒါ ရှောင်ကွင်းနိုင်သော ရုရှား Boyky ကော်ဗက် စစ်ရေယာဉ်အား စမ်းသပ် ခုတ်မောင်းမှု စတင်မည်

Posted by drmyochit Wednesday, February 06, 2013, under | No comments




ရေဒါ ရှောင် ကွင်းနိုင်သော ရုရှား Boyky ကော်ဗက် စစ်ရေ ယာဉ်အား မတ်လ အတွင်း စမ်းသပ် ခုတ်မောင်း မှု စတင် ပြု လုပ် မည် ဖြစ်ကြောင်း ဘောလ်တစ် ရေတပ် သင်္ဘော အုပ်စုမှ ပြောရေး ဆိုခွင့် ရ ဗလာ ဒီမာမက် တီရက်ဗ် က ဖေဖော် ဝါရီလ ၄ ရက်နေ့ တွင် ပြောကြား ခဲ့ပါ သည်။


ရုရှား ရေတပ်အတွက် စိန့်ပီတာ စဘတ်ရှိ Severnaya Verf သင်္ဘောကျင်းမှ တည်ဆောက်သော  Boyky ကော်ဗက် စစ်ရေယာဉ်အား ၂ဝ၁၂ ခုနှစ် နိုဝင်ဘာလ အတွင်း ပင်လယ်ပြင်၌ ကနဦး စမ်းသပ် ခုတ်မောင်းမှုမှာ အောင်မြင်မှု ရရှိခဲ့ကြောင်း ဗလာ ဒီမာမက် တီရက်ဗ်က ထပ်လောင်း ပြောကြား ခဲ့ပါသည်။ ဒုတိယ အဆင့် ပင်လယ်ပြင် စမ်းသပ် ခုတ်မောင်းမှု အတွက် ကာလင်နင်ဂရက် ဒေသရှိ Baltiysk ဆိပ်ကမ်းသို့ ရွှေ့ပြောင်းမည် ဖြစ်ကြောင်းလည်း သိရှိ ရပါသည်။ အဆိုပါ ကော်ဗက် စစ်ရေယာဉ်တွင် Kh-35 သင်္ဘောဖျက် ဒုံးပျံများ၊ 3 M 54 KLUB ခရုဇ်ဒုံးပျံများ၊ 3 M 54 KLUB လေယာဉ်ပစ် သေနတ်နှင့် ဒုံးပျံများ၊ ၁ဝဝ မမ အမြောက်တစ်လက်၊ ၃ဝ မမ အနီး ကပ်လေကြောင်းရန် ကာကွယ်ရေး သေနတ် ၂ လက်နှင့် တော်ပီဒိုများ တပ်ဆင် နိုင်ကြောင်း  သိရှိရပါ သည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်