Wednesday, February 06, 2013

GSM ဖုန်းများ ဂျပန်၊ ကိုရီးယားနှင့် အာဆီယံနိုင်ငံများတွင် ယူဆောင်ပြောဆိုနိုင်ပြီ

Posted by drmyochit Wednesday, February 06, 2013, under | No comments


မြန်မာဂျီအက်စ်အမ်ဖုန်းကို အာဆီယံ ဆယ်နိုင်ငံ အပါအဝင် ကိုရီးယားနှင့် ဂျပန်နိုင်ငံများတွင်လည်း ဆက်သွယ် ပြောဆိုနိုင်မည် ဖြစ်ကြောင်း ဆက် သွယ်ရေး သတင်းအချက် အလက်နှင့် နည်းပညာ ဝန်ကြီး ဌာနမှ သိရသည်။ ပြည်ပနိုင်ငံများ တွင်တွင် ကျယ်ကျယ် အသုံးပြုနေသော စနစ်တစ်ခုဖြစ်သည့် ဂျီအက်စ် အမ်ဖုန်း များ Outbound စနစ် အ သုံးပြုနိုင်ရန် အတွက် သတ်မှတ်ထားသော နိုင်ငံ များတွင် ကြိုတင် စမ်းသပ်မှုများ ဆောင်ရွက် ထား ခဲ့ပြီး ဖြစ်ကာ အဆိုပါ နိုင်ငံများတွင် ယင်းစနစ် သုံးစွဲမှု အောင်မြင်ပါက အခြားသော နိုင်ငံများတွင်ပါ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။


“Outbound စနစ်ကို သုံးနိုင်ဖို့အတွက် အာဆီယံ ဆယ်နိုင်ငံနဲ့ ကိုရီးယား၊ ဂျပန်မှာ စမ်းသပ်မှုတွေ လုပ်ပြီး ပါပြီ။ အခုဆိုရင် ဒီနိုင်ငံက ဖုန်းတွေကို နံပါတ်ပြောင်းလဲမှုမရှိဘဲ ဆက်သွယ် အသုံးပြုနိုင်ပါပြီ” ဟု ဆက်သွယ်ရေး သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ယင်းစနစ်ကို (Post Paid) ဘီလ်ကျခံသုံးစွဲခြင်း စနစ်ဖြင့် အသုံးပြုနေသည့် မိုဘိုင်းဖုန်းများသာ အသုံးပြုနိုင် မည်ဖြစ်ပြီး လက်ရှိသုံးစွဲခွင့် ပြုမည်ဖြစ်ကြောင်းသိရသည်။

“အခုရတဲ့ နိုင်ငံတွေ အပြင် အခြားနိုင်ငံတွေကိုပါ သယ်ဆောင် အသုံးပြု လို့ရအောင် စီစဉ်မှာပါ။ ဒီစနစ်ကို ဂျီအက်စ် အမ်ဖုန်း တစ်မျိုးတည်းဘဲ သုံးနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ဂျီအက်စ်အမ် ကွန်ရက်ဟာ နိုင်ငံအ များစု သုံးစွဲတဲ့ စနစ် ဖြစ်တာကြောင့်ပါ” ဟု ယင်းက ထပ်မံပြောသည်။

ယင်းသို့ သုံးစွဲရာတွင် ကောက်ခံမည့် ဘေလ်နှုန်းထား များမှာ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သတ်မှတ် ထားသော ပြည်ပနိုင်ငံ များသို့ခေါ်ဆိုသည့် နှုန်းထားအတိုင်းပင် ကောက်ခံသွားမည် ဖြစ်ကြောင်း သိရ သည်။

ယင်း Outbound စနစ်နှင့် ပတ်သက်၍ အိုင်စီတီ ကျွမ်းကျင်သူ ဦးရဲနိုင်က “ဒီစနစ် အသုံးပြုနိုင်တဲ့အတွက် တခြားနိုင်ငံရောက်ရင် သူတို့ကတ်ဖုန်း သုံးစရာ မလိုတော့ဘူး။ နောက်တော့ နံပါတ်ကလဲ ဒီမှာကိုင်တဲ့ နံပါတ်ဘဲ ဆိုတော့ ဆက်သွယ်ရတာ လွယ်ကူတယ်၊ ဘန်ကောက် သွားတုန်းက ကျွန်တော်သုံးဖူးတယ်၊ လိုင်းကောင်း တယ်လို့လဲပြောလို့ရတယ်” ဟု ဆိုသည်။

မြန်မာနိုင်ငံ အတွင်း၌ မိုဘိုင်းဖုန်း သယ်ဆောင် အသုံးပြုနိုင်သည့်Inbound စနစ်ကို အာဆီယံနိုင်ငံများနှင့် ဂျပန်နိုင်ငံမှ ဖုန်းများ အသုံးပြုခွင့် ပေးထားပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြည်ပနိုင်ငံများသို့ မိုဘိုင်းဖုန်းများ သယ်ဆောင် အသုံးပြုနိုင်မည့် Outbound စနစ်ကို ၂၀၁၁ ခုနှစ်မှ စတင်၍ အကောင် အထည်ဖော်ဆောင် ရွက်ခဲ့ခြင်း ဖြစ်ကာ ယခုနှစ်ဆန်းပိုင်းမှ စတင်ကာ သုံး စွဲနိုင်ခြင်းဖြစ်ကြောင်း ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်နေ့ထုတ် Flower News ဂျာနယ်တွင် ဖော်ပြထား ပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်