Wednesday, February 06, 2013

တန်ဖိုးနည်းအိမ်ယာဆိုတဲ့ တန်ဖိုးမနည်းသည့်အိမ်ယာများ

Posted by drmyochit Wednesday, February 06, 2013, under | No comments

အစိုးရက အကောင် အထည် ဖော်မည့် တန်ဖိုးနည်း အိမ်ရာ စီမံကိန်းမှ အခန်း တခန်းလျှင် ငွေ ကျပ် ၁၈၅သိန်းမှ သိန်း ၂၀၀ကြား ဈေးနှုန်းဖြင့် ရောင်းချမည်ဟု သတင်းထုတ်ပြန်မှုအပေါ်ပြည်သူ လူထု အမှန် တကယ် လက်လှမ်းမီ မည့် ဈေးနှုန်းမဟုတ်ဟု ဝေဖန် ပြောဆိုမူများရှိကြောင်း သိရ သည်။

အစိုးရ တန်ဖိုးနည်း အိမ်ရာ များတွင် အခန်းတစ်ခန်းလျှင် ၁၈၅သိန်းမှ သိန်း ၂၀၀ ၀န်းကျင် ဖြင့် ရောင်းချ သွားမည် ဖြစ်ပြီး မန္တလေး၊ မကွေးနှင့် မော်လမြိုင် မြို့များတွင်လည်း အကောင် အထည်ဖော် သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော် မရှင်ဥက္ကဋ္ဌ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းက ဖေဖော် ၀ါရီ ၃ ရက် နေ့ နေပြည်တော်တွင် သတင်း မီဒီယာ များနှင့် တွေ့ဆုံစဉ် ပြော ဆိုခဲ့ကြောင်း သိရသည်။

ဝန်ကြီးဦးစိုးသိန်း၏ အဆို အရ တန်ဖိုးနည်းအိမ်ရာမှ အခန်း များကို နှစ် ၂၀ အရစ်ကျစနစ် ဖြင့် ငွေသွင်း ၀ယ်ယူနိုင်မည် ဖြစ်သော်လည်း တလလျှင်ငွေ ကျပ် တသိန်း အရစ်ကျ ငွေသွင်း ၀ယ်ယူရမည် ဖြစ်သည့် အတွက် အဆိုပါငွေပမာဏသည်သာမာန် ပြည်သူများအတွက် အလွန်မြင့် မားနေကြောင်း ဆိုကြသည်။

တန်ဖိုးနည်းအိမ်ရာဟူသည့် သဘောတရားမှာ ပြည်သူအများ စု၏လက်လှမ်းမီပြီးအရေအတွက် များများဖြင့် ပြည် သူလက်ထဲ ရောက်ရှိအောင် ဈေးနှုန်းချိုသာ စွာဖြင့် ရောင်းချပေးနိုင်မှသာလျှင် တန်ဖိုးနည်းအိမ်ရာဟု သတ်မှတ် နိုင်မည်ဖြစ်ကြောင်း၊ အိမ်နီးချင်း နိုင်ငံများကဲ့သို့ပင် မိမိတို့နိုင်ငံ သည်လည်း ပြည်သူအများစုဝယ် နိုင်သည့် ဈေးနှုန်းရှိသော တန်ဖိုး နည်းအိမ်ရာ များကို ဖော်ဆောင် ပေးရန်လိုအပ်ကြောင်းပညာရှင်များ က ဆိုကြောင်း သိရသည်။

“အစိုးရတန်ဖိုးနည်းအိမ်ရာ တွေကသိန်း၈၀ ၀န်းကျင်လောက် ပဲရှိသင့်တယ်။ဒါမှလဲ တန်ဖိုးနည်း ဖြစ်မယ်။ ဒီဈေးနှုန်း အတိုင်းဆို ရင်ပိုက်ဆံရှိသူတွေလက်ထဲရောက် ပြီးသူတို့ဆီကပဲ ဈေး ကြီးကြီးပေး ပြီး ငှားနေရတာတွေပဲ ဖြစ်လာဦး မှာ”ဟု ဆန္ဒအောင် အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းရှင်တစ် ဦးက ဆိုသည်။

ရန်ကုန်မြို့တွင် ၁၂ ပေခွဲ ၊ ပေ ၅၀ တိုက်ခန်းတခန်းလျှင် အနိမ့်ဆုံး သိန်း ၂၀၀ ကျော်ဈေး ပေါက်လျက် ရှိသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်