ကမ္ဘာမှာ မူစလင်ဘာသာဝင်အများဆုံးရှိရာ နိုင်ငံဖြစ်တဲ့
အင်ဒိုနီးရှားနိုင်ငံရဲ့ သမ္မတ ဆူဆီလို ယူဒိုယူနို က ရခိုင်ပြည် နယ်မှာဖြစ်ပေါ်နေတဲ့
ပဋိပက္ခ နဲ့ပတ်သက်လို့  မြန်မာနိုင်ငံ အစိုးရဟာ အကောင်းဆုံးဖြစ်အောင် ကိုင်တွယ် ဖြေရှင်း
နေကြောင်း ပြောကြားလိုက်ပါတယ်။
အနောက်ဂျားဗား ရှိသူ့ ရဲ့နေအိမ်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ သမ္မတ ယူဒိုယူနို က သူ့ အနေနဲ့ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က အခြေအနေ ကို တတ်နိုင်သမျှ မှန်မှန်ကန်ကန် ပြည့်ပြည့်စုံစုံ နဲ့ ဘက်မလိုက်ဘဲ ကြိုးစား ရှင်းပြနေ တာဖြစ်ကြောင်းလည်းသတင်းထောက်တွေကိုပြောပါတယ်၊
ရခိုင်- ရိုဟင်ဂျာ ပဋိပက္ခ ဟာ ဘာသာရေးပဋိပက္ခ မဟုတ်ဘဲ ဒေသတွင်း လူုအုပ်စုကြားဖြစ်ပွါးတဲ့ ပဋိပက္ခ သာဖြစ်ပြီး အ ကြောင်းတိုက်ဆိုင်လို့ ရိုဟင်ဂျာ တွေက မူဆလင်ဖြစ်ပြီး ရခိုင်တွေက ဗုဒ္ဓဘာသာ ဖြစ်နေတာ သာ ဖြစ်ကြောင်းလည်း အင်ဒိုနီးရှားသမ္မတကပြောပါတယ်
ရိုဟင်ဂျာတွေဟာ ဘင်ဂလားဒေ့ရှ် ဇာတိဖြစ်ကြောင်း၊ ဒါပေမဲ့ မျိုးဆက်လေးဆက် လောက်နေထိုင် လာတဲ့ သူတို့ ကို မြန်မာအစိုးရကတိုင်းရင်းသား၁၃၅မျိုးထဲမှာထဲ့သွင်းမှုမရှိသေးဘူးလို့လည်းပြောပါတယ်။
ဒီပဋိပက္ခမှာ ရိုဟင်ဂျာ ဒုက္ခသည် ၂၈၀၀၀ ကနေ ၅၃၀၀၀ ထိ များပြားလါကြောင်း၊ စာရင်းအရ ရခိုင် ဒုက္ခသည် ၂၄၀၀၀ ရှိနေကြောင်း ၊ဝေဖန်သူတွေက မြန်မာအစိုးရ ဟာ ရခိုင်တွေကို ဦးစားပေး နေတယ်လို့ ဆိုကြပေ မဲ့ တဖက်မှာလည်း ရိုဟင်ဂျာတွေဟာ ကုလသမဂ္ဂ ရဲ့ အကူအညီ အထောက်အပံ့ ပိုရနေတယ်လို့ ရခိုင်တွေက သတိမူ သဘောပေါက် ထားကြောင်းလည်းပြောဆိုပါတယ်၊
မြန်မာနိုင်ငံက ပြဿနာဖြေရှင်းရေးအတွက် အင်ဒိုနီးရှားနိုင်ငံ အနေနဲ့ သံတမန် လမ်းကြောင်း က တတ် နိုင်သမျှဆောင်ရွက်ခဲ့ပြီး သမ္မတ ဦးသိန်းစိန် ထံလည်း အင်ဒိုနီးရှားနိုင်ငံ ရဲ့မျှော်လင့်မှုတွေ နဲ့ပတ်သက် လို့ စာ စောင်ပေးမို့ မယ်ဖြစ်ကြောင်း သတင်းထောက်တွေကို ရှင်းပြသွားပါတယ်။
Time in Rangoon


0 comments:
Post a Comment