Monday, August 06, 2012

မောင်တောမြို့နယ်ရှိ ဒုက္ခသည်များကို အကူအညီပေးရန် ဒုသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းပြော

Posted by drmyochit Monday, August 06, 2012, under | No comments


 ဒုသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း ဒုတိယအကြိမ်အဖြစ် ရခိုင်ပြည်နယ် ပဋိပက္ခအား လေ့လာရေးခရီးစဉ်အတွင်း အထူး ရဟန်ယာဉ် ၂ စီးဖြင့် စစ်တွေမှ ဘူးသီးတောင်-မောင်တော-မြောက်ဦး-မဟာမုနိ-ကျောက်တော်မှ စစ်တွေတွင် ယမန်နေ့က ညအိပ်ရှိနေခဲ့ကြောင်း သိရှိရသည်။
ဒေါက်တာ စိုင်းမောက်ခမ်းနှင့်အတူ ရခိုင်ပြည်နယ်တိုင်းမှူး ဗိုလ်မှူးချုပ် ဦးကိုကိုနိုင်၊ ရခိုင်ပြည်နယ်ဝန်ကြီး ဦးလှမောင်တင်၊ ဒုဝန်ကြီး (၁၀)ဦးခန့်၊ ကာကွယ်ရေးဒုဝန်ကြီး ဦးလှမြင့် အပါအ၀င် နယ်စပ်ရေးရာ၊ ပညာရေးနှင့် ကျန်းမာရေးဝန်ကြီးများ လိုက်ပါလာကြောင်းနှင့် မောင်တောမြို့နယ်မှ ဒုက္ခသည်များအား အကူအညီပေးရန် ပြောဆိုခဲ့ကြောင်း နီးစပ်သူတစ်ဦးက ပြောသည်။
ဒေါက်တာ စိုင်းမောက်ခမ်းဦးဆောင်သော အဖွဲ့သည် စစ်တွေမြို့လေဆိပ်သို့ နံနက်ပိုင်းတွင် ရောက်ရှိခဲ့ပြီး မောင်တော မြို့သို့ ၁၁ နာရီတွင် ဆိုက်ရောက်လာကာ နေ့လည် ၁ နာရီတွင် ဘူးသီးတောင်-မြောက်ဦးမြို့ မြို့နယ်များမှတဆင့် လည့် လည် သွားခဲ့ခြင်း ဖြစ်ကြောင်း ဆိုသည်။
" ဒေသခံများနဲ့ ဒုက္ခသည်တွေကို တွေ့ဆုံပြီး အားပေးစကားတွေ ပြောခဲ့ပါတယ်၊ ကျွဲနွားတွေ ဆုံးရှုံးသွားမှုအပေါ် လယ် ထွန်စက်တွေ ကူညီဆောင်ရွက်ပေးဖို့ ပြောဆိုခဲ့ပါတယ်၊ ဒေသခံတွေကို ပိုမိုတိုးတက်တဲ့ ပြန်လည်ထူထောင်ရေးတွေ လုပ်ပေးဖို့ ပြောဆိုခဲ့ပါတယ်၊ အကူညီတွေပေးအပ်ခဲ့တယ်လို့ သိရပါတယ်။ " ဟု နီးစပ်သူတစ်ဦးက ပြောသည်။
ဒေါက်တာ စိုင်းမောက်ခမ်း မောင်တောမြို့- အလယ်သံကျော် ခရီးစဉ်တွင် ခြားစားမှုဖြင့် ပြောင်းရွေ့အရေးယူ ခံနေရသော နစကကွပ်ကဲရေးမှူး ဦးအောင်ကြီး နေရာသို့ ဇူလိုင် ၃၀ ရက်နေ့က ပြောင်းရွေ့လာသူ ဗိုလ်မှူးကြီး ဦးအောင်နိုင်ဦး(၄၀)နှစ် အနီးကပ် လိုက်ပါခဲ့ပြီး လုံခြုံရေးများ တာဝန်ယူပေးခဲ့ကြောင်း သိရှိရသည်။
မြန်မာနိုင်ငံတော်မှ ခြစားမှုဖြင့် အရေးယူထားသော ဦးအောင်ကြီးထံမှ မြေပေါ် ကျပ်သိန်း ၅၀၀၀ အား သိမ်းဆည်း ထားပြီးဖြစ်ကြောင်း၊ ၎င်းထံမှ မြေအောက်ဘဏ္ဍာများအား သိမ်းဆည်းနိုင်မှုများလည်းရှိကြောင်းနှင့် ၎င်းအား အရေးယူမည် အခြေအနေကို မသိရှိရသေးကြောင်း မောင်တောမြို့နယ် နစကသတင်းရပ်ကွက်များက ဆိုသည်။
ဗိုလ်မှူးကြီး ဦးအောင်နိုင်ဦးမှာ သံတွဲမြို့နယ်မှ ရခိုင်အမျိုးသားတဦးဖြစ်ပြီး မောင်တောမြို့နယ် ဒေသခံများအနေဖြင့် ပြန် လည်ထူထောင်ရေး လုပ်ငန်းများတွင် အားပေးအားမြောက် ပြုလာနိုင်မည်ဖြစ်ကြောင်း ယုံကြည်နေကြသည်ဟု မြို့ခံ တစ်ဦးက ပြောသည်။
" ဒုသမ္မတကြီးက အေးဆေးတည်ငြိမ်တဲ့ လူရိုးတစ်ဦးလို့ မြင်ပါတယ်၊ သူပြောခဲ့တဲ့အတိုင်း အမှန်အတိုင်း အကူအညီတွေ ရမယ်လို့ မျှော်လင့်ပါတယ်၊ သူကြားနေတာနဲ့ ကိုယ်တိုင်ကြည့်ရတာ လွဲချော်မှုတွေ အများကြီးတွေ့နေရတယ်လို့ သူသုံးသပ်ပါတယ်၊ သူအမှန်ကို ကူညီဖို့ အတန်တန်ပြောခဲ့ပါတယ်။ " ဟု မောင်တောမြို့နယ်မှ အနီးကပ် လုံခြုံရေး အရာ ရှိတစ်ဦးက ပြောသည်။
ဒေါက်တာ စိုင်းမောက်ခမ်း အနေဖြင့် ပဋိပက္ခဖြစ်ပွားသည့် အဖြစ်အမှန်အတိုင်း သိရှိနိုင်ရန်၊ ဒုက္ခရောက်နေကြသော ဒုက္ခ သည်များ၏ လတ်တလော အကူအညီလိုအပ်မှုများကို ဖြေရှင်းပေးရန်နှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို စနစ် တကျ လုပ်ဆောင်နိုင်ရန် လေ့လာစစ်ဆေးဖို့ ရခိုင်ပြည်နယ်သို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရှိရသည်။
၎င်းအနေဖြင့် ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခဖြစ်ပွားသည့် အမှန်အတိုင်း အခြေအနေများကို သမ္မတ ဦးသိန်းစိန်၏ ရှေ့ ပြေးအနေဖြင့် ရောက်ရှိလာကြောင်း ဖြစ်ကြောင်းနှင့် ခုရက်ပိုင်းအတွင်း ဦးသိန်းစိန် လာရောက်စစ်ဆေးနိုင်ဖွယ် အခြေ အနေများ ကျန်ရှိနေသေးကြောင်း သိရှိရသည်။

မောင်တောမြို့နယ်မှ နိုင်ငံရေးဝါရင့်တစ်ဦးက " UNကိုယ်စားလှယ် ကင်တင်းနား ရခိုင်ပြည်နယ်ကို လာ ရောက် လေ့လာတာဟာ သီးသန့် ကျူးကျော်ဝင်ရောက်နေထိုင်သူ မူဆလင်အရေးကို တဖက်သတ် စိတ်ဝင်တစား ဆောင် ရွက်ခဲ့တာပါ၊ ရခိုင်ပြည်နဲ့ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခအဖြေမှန်အတွက် မည်သို့မှအကျိုးမရှိပေ၊ တခါတည်းမှာ မြန်မာပြည်နဲ့ လူထု တွေအတွက်ပါ အကျိုးကိုယုတ်စေမဲ့ ဖြစ်ရပ်တွေ ပေါ်လာနိုင်ပါတယ်။ " ဟု ဒုသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း မောင်တောမြို့တွင် ရှိနေစဉ် ဖုံးမှတဆင့် ထုတ်ဖေါ်ပြောဆို လိုက်သည်။
ဒုသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းသည် ရခိုင်ပြည်နယ်သို့ ၂ ရက်တာခရီးစဉ် လေ့လာရန် လာရောက်ခြင်းဖြစ်သည်။ စစ်တွေမြို့တွင် ပဋိပက္ခဖြစ်စဉ်နှင့် ဒုက္ခသည်အခြေအနေများကို စုံစမ်းမေးမြန်းလေ့လာ၍ ပြန်သွားခဲ့ကြောင်း သိရှိရသည်။
၎င်းက " ခုဖြစ်ပျက်ခဲ့တဲ့ အကြမ်းဖက်မှုတွေဟာ ဘယ်ကနေ ဆင်းသက်လာတယ်၊ အကြမ်းဖက်တာဟာ ဘယ်နေရာကိုထိ ထိခိုက်တယ်ဆိုတာကို လူတိုင်း အထူးသဖြင့် အစိုးရအဖွဲ့တွေ သိမှာပါ၊ ပြီးတော့ ဒေသအတွင်းမှာ ခြစားမှု၊ သွေး ထိုးလှုံဆော်မှု၊ ကျူးကျော် ၀င်ရောက်ပြီး နိုင်ငံတော် အချုပ်အခြာအာဏာကို ခြိမ်းခြောက်မှုတွေ၊ နိုင်ငံတာကာက အစွန်း ရောက်တွေရဲ့ အာဘော်တွေ ဘယ်လို ပုံစံရှိနေတယ်ဆိုတာ မြင်နိုင်ခဲ့ပါတယ်၊ ဒါမြန်မာနိုင်ငံ ခရီးဆက်ဖို့ အခွင့်ကောင်းတွေ ကြုံတွေ့ရတယ်လို့ ဆိုရပါမှာပါ၊ ဒါပေမဲ့ တကယ့်ကို နိုင်ငံတော်အနှံအပြားကို ထူထောင်ဖို့ ရည်မှန်းချက်ရှိဖို့ လိုအပ် ပါလိမ့်မယ်။ " ဟု သုံးသပ်ရှင်းပြသည်။
မြန်မာနှင့် အိမ်နီးချင်းနိုင်ငံဖြစ်သော ဘင်္ဂလာအာဏာပိုင်က ယင်းရခိုင်ပြည်နယ်အတွင်း ပဋိပက္ခများနှင့် ဆက်နွယ် မှုရှိနေသည်ဟု ယူဆရသော နယ်စပ်ချင်းထိစပ်နေသည့် ဘင်္ဂလာတွင်အခြေစိုက် ပြင်သစ်မှ နယ်စည်း မခြား ဆရာဝန်များအဖွဲ့(MSF)၊ ငတ်မွတ်ခေါင်းပါးမှု ကူညီရေးအဖွဲ့ (ACF)နှင့် ဗြိတိန်အခြေစိုက် မူဆလင်ကူညီရေးအဖွဲ့ (Muslin Aid UK)တို့အား ဆက်လက်ပြီးမြန်မာမှ ရောက်ရှိလာမည့် မူဆလင်များအား ကူညီမှုမပြုလုပ်ရန် အကြိမ်ကြိမ် တားမြစ် မှုများ ရှိနေသည်။
ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ် Sheikh Hasina က Al Jazeera တီဗီသတင်းသို့ ၎င်းတို့မှာ ဆေးဝါး၊ ငွေကြေး၊ စက်နှင့်အတူ ဘုတ်များအပြင် ရိက္ခာ အစရှိသည်များ ကူညီပေးနေကြောင်း၊ ဘင်္ဂလာဒေ့ရှ်နိုင်ငံ အနေဖြင့် တာဝန်မရှိကြောင်း၊ မြန်မာ မှာသာ တာဝန်ရှိကြောင်း၊ ဘင်္ဂလာတွင် ဒုက္ခသည်စခန်း များအတွင်း ၃၀၀၀၀၀ ရှိနေပြီးဖြစ်ကြောင်း၊ အတင်းအဓမ္မ စေလွှတ်နေခြင်းမဟုတ်ကြောင်း လွန်ခဲ့သော ဇူလိုင် ၂၇ ရက်နေ့က လန်ဒန်မြို့တွင် ပြောကြားခဲ့ပြီးနောက် ယခုကဲ့သို့ အကူ အညီများ လုံးဝမပေးရန် NGOများကို တရားဝင်ပေးစာများ ပေးပို့လိုက်ခြင်း ဖြစ်သည်။
ရခိုင်ပြည်နယ်အတွင်း ဇွန် ၈ ရက်နေ့က ပဋိပက္ခကြောင့် မြန်မာမှ ဘင်္ဂလာသို့ ကျူးကျော်လာသူများဟု စွပ်စွဲပြီး ဘင်္ဂ လာကမ်းခြေစောင့် တပ်ဖွဲ့နှင့် နယ်စပ်လုံခြုံရေးတပ်ဖွဲ့များက နှစ်လကာလတွင် စုစုပေါင်း ဖမ်းဆီးရမိသူများ ၂၂၀၀ ကျော်တို့အား တရားမ၀င် ပို့ဆောင်ခဲ့ကြောင်းနှင့် မသင်္ခါသူတချို့အား ဖမ်းဆီးစစ်ဆေးပြီး အရေးယူမှုများ ပြုလုပ် လျက်ရှိနေကြောင်း ဒေသထုတ် သတင်းစာနှင့် ၀ပ်စာမျက်နှာများ၏ ကိန်းဂဏန်းများအရ သိရှိရသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်