Monday, August 06, 2012

ကမ္ဘောဒီးယားနိုင်ငံက (၄၄)ကြိမ်မြောက် အာဆီယံစီးပွားရေးဝန်ကြီး များအစည်းအဝေးကို ယခုလအတွင်း အိမ်ရှင်အဖြစ်လက်ခံကျင်းပမည်ဟုဆို

Posted by drmyochit Monday, August 06, 2012, under | No comments

(၄၄)ကြိမ် မြောက်အာဆီ ယံစီးပွားရေး ဝန်ကြီးများအ စည်းအဝေးနှင့် ဆက်စပ်အစည်း အဝေးများအား ကမ္ဘောဒီးယား နိုင်ငSiem Reap ပြည်နယ်တွင် သြဂုတ်လ ၂၅ ရက်မှ စက်တင် ဘာလ ၁ ရက်နေ့ အထိ ကျင်းပ ပြုလုပ် မည်ဖြစ် ကြောင်း ကမ္ဘောဒီး ယား ကုန် သွယ်ရေး ဝန်ကြီး ဌာနက သြဂုတ်လ ၄ ရက်နေ့ တွင်ထုတ် ပြန်ခဲ့ သည်ဟုXinhua သတင်း တစ်ရပ် အရ သိရှိ ရပါသည်။ ကမ္ဘော ဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်သည် အဆိုပါ အစည်း အဝေးကို သြဂုတ်လ ၂၇ ရက်နေ့တွင် ဖွင့်လှစ် ပေးမည် ဖြစ်ပါသည်။ အဆို ပါအစည်း အဝေးတွင် အာဆီ ယံအဖွဲ့ ဝင်နိုင်ငံ များနှင့် တရုတ်၊ တောင်ကို ရီးယား၊ ဂျပန်၊ သြစတြေးလျ၊ နယူးဇီလန်၊ အိန္ဒိယ၊ အမေရိကန်၊ ကနေဒါနှင့် ရုရှား နိုင်ငံ တို့အပါ အဝင် ဆွေးနွေး ဖက်နိုင်ငံများ အကြား ကုန်သွယ် ရေးနှင့် စီးပွားရေး ဆိုင်ရာပူး ပေါင်းဆောင် ရွက်မှုကို အလေးထား ဆွေးနွေးကြ မည်ဖြစ်ပါသည်။ အာဆီယံ စီးပွားရေး ဝန်ကြီးများသည် (၂၆)ကြိမ် မြောက် အာဆီယံ လွတ်လပ် သောကုန် သွယ်ရေး ဒေသ(AFTA) ဆိုင် ရာကောင် စီနှင့် (၁၅)ကြိမ်  မြောက်အာဆီ ယံရင်းနှီး မြှုပ် နှံမှု ဒေသ(AIA) ဆိုင်ရာ ကောင်စီတို့ နှင့်အတူ ပူးတွဲ အစည်းအဝေး များပြုလုပ် မည်ဖြစ် ပါသည်။ ထို့အပြင် အဆိုပါ (၄၄) ကြိမ် မြောက် အစည်းအဝေး သည် အာဆီယံ စီးပွားရေး ဝန်ကြီးများနှင့် ကမ္ဘာ့ မူပိုင်ခွင့် ဆိုင်ရာ အဖွဲ့အစည်း အကြီးအကဲ တို့အကြား ဆွေး နွေး ညှိနှိုင်းမှု အစည်းအ ဝေးတစ်ရပ် လည်းဖြစ်ကြောင်း သိရှိ ရပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်