Monday, August 06, 2012

အီရန်နိုင်ငံသည် ၃ဝဝ ကီလိုမီတာအထိ ရောက်ရှိပစ်ခတ်နိုင်သောဒုံးပျံတစ်စင်း အောင်မြင်စွာစမ်းသပ်ပစ်လွှတ်ခြင်း

Posted by drmyochit Monday, August 06, 2012, under | No comments



အီရန် နိုင်ငံသည် အကွာ အဝေး ၃ဝဝ ကီလိုမီတာ အထိရောက် ရှိပစ်ခတ် နိုင်သော ဒုံးပျံတစ် စင်းအား အောင်မြင်စွာ စမ်းသပ်ပစ် လွှတ်နိုင် ခဲ့ကြောင်း အီရန် ကာကွယ် ရေးဝန်ကြီး ဗိုလ်မှူးချုပ် အာမက်ဗာ ဟီဒီက သြဂုတ်လ ၄ ရက်နေ့တွင် ထုတ်ပြန် ကြေညာခဲ့ သည်ဟု Xinhua  သတင်း တစ်ရပ်အရ သိရှိရပါသည်။ အဆိုပါ ဒုံးပျံသည် ပင်လယ် ပြင်နှင့်မြေပြင်ရှိ ပစ်မှတ်များကိုပစ် ခတ်နိုင်စွမ်း ရှိသော စတုတ္ထ မျိုးဆက်Fateh 110  ဒုံးပျံအမျိုး အစားဖြစ်ကြောင်း လည်း ဗာဟီဒီက ပြောကြား ခဲ့ပါသည်။ ထို့အပြင် အဆိုပါ ဒုံးပျံသည် ရေဒါစနစ်များ၊ ကွပ်ကဲမှု အခြေစိုက် စခန်းများနှင့် လက်နက်သို လှောင်ရုံ များကိုလည်း တိကျစွာ ပစ်ခတ်နိုင် စွမ်းရှိကြောင်း ၄င်းက ပြောကြား ခဲ့ပါသည်။ အဆိုပါ ဒုံးပျံများ တည် ဆောက်ခြင်းသည် နိုင်ငံ၏ ကာကွယ်ဟန့် တားနိုင်စွမ်း ကိုတိုးမြှင့်ရန်နှင့် နိုင်ငံအား ကျူးကျော်လာ သူများကို ဆန့်ကျင် တိုက်ခိုက်ရန် ရည်ရွယ်ခြင်း ဖြစ်ကြောင်းလည်း ၄င်းက ပြောကြား ခဲ့ပါသည်။ အီရန်နိုင် ငံအနေဖြင့် တာဝေးပစ် ဒုံးပျံများတည် ဆောက်ရာတွင်လည်း အောင်မြင် မှုကောင်း များရရှိ ခဲ့ကြောင်း သိရှိ ရပါသည်။
စတုတ်ထမျိုးဆက် င်္ Fateh 110 ဒုံးပျံစမ်းသပ်ပစ်လွှတ်နေပုံ
  

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်