(ပေကျင်း
သြဂုတ် ၅)
တရုတ်ရဲတပ်ဖွဲ့ သည် နိုင်ငံ တစ်ဝန်း အမေရိကန် ဒေါ်လာသန်း
၁၈ဝ ကျော် တန်ဖိုးရှိ ဆေးဝါး အတုများကို ဖမ်းဆီး ခဲ့ပြီး ၄င်းကိစ္စ နှင့် ဆက်စပ် သည့်
လူ ၂ဝဝဝ ခန့်ကို ထိန်းသိမ်း ထား ကြောင်း နှင့် ဆေးဝါး အတု ထုတ်သည့် ဆက်စပ် ပစ္စည်း
၁ဝဝဝ ခန့်ကို ဖျက်ဆီး ခဲ့ကြောင်း ပြည်သူ့ ရေးရာ လုံခြုံရေး ဝန်ကြီး
ဌာနက သြဂုတ် ၅ ရက်တွင် ပြော ကြား ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆေးဝါး အတု စစ်ဆေး ဖော်ထုတ်မှု တွင် ရဲအရာရှိ ၁၈ဝဝဝ
ခန့် ပါဝင် ကြောင်း၊ ဆီးချို၊ သွေးတိုး၊ ခွေး ရူးရောဂါ စသည် တို့အတွက် ထုတ်လုပ်
သော ဆေးဝါး အတု မျိုးစုံကို သိမ်းဆည်း ရမိခဲ့ ကြောင်း နှင့် ၄င်း ဆေးဝါး များသည်
သုံးစွဲသူတို့၏ အသည်း၊ ကျောက်ကပ် နှင့် နှလုံးတို့ကိုပါ ထိခိုက် ပျက်စီးစေနိုင်
ကြောင်း သိရသည်။
Time in Rangoon

0 comments:
Post a Comment