Monday, August 06, 2012

အီရန်နှင့် တူရကီနိုင်ငံတို့သည် ဒေသတွင်းငြိမ်းချမ်းရေးနှင့် လုံခြုံရေးအား မြှင့်တင်ပေးရမည်ဆိုခြင်း

Posted by drmyochit Monday, August 06, 2012, under | No comments

PressTV.com;Aug-2(Thu)

အီရန်နှင့် တူရကီ နိုင်ငံ တို့သည် ဒေသတွင်း တည်ငြိမ် ရေးနှင့် လုံခြုံ ရေးအား မြှင့်တင် ရမည် ဖြစ်ကြောင်း နှင့် နှစ်နိုင်ငံ အကြား ဆက် ဆံရေး ခိုင်မာ မှု၏ အရေး ပါပုံ တို့ကို အီရန် အဆင့်မြင့် ကောင်စီ ဥက္ကဋ္ဌ Akbar Hashemi Rafsanjani က အလေး အနက် ပြောကြား ခဲ့ပါသည်။ အီရန်နှင့် တူရကီ တို့သည် ဒေသတွင်း ပူးပေါင်း ဆောင်ရွက်ရေး အတွက် အဓိက ကျသော နေရာတွင် ရှိကြောင်း တူရကီ သံအမတ်ကြီး Umit Yardim နှင့် သြဂုတ်လ ၁ ရက် နေ့တွင် တွေ့ဆုံစဉ် Rafsanjani က ပြောကြား ခဲ့ပါသည်။ အီရန်နှင့် တူရကီ နိုင်ငံ၏ သဘောထား ရပ်တည် ချက်ကွဲ ပြားမှု များသည် နှစ် နိုင်ငံ အပြန် အလှန် ဆက်ဆံရေး အပေါ် မထိခိုက် စေသင့်ကြောင်း ၄င်း ကထပ် လောင်းပြော ကြားခဲ့ ပါသည်။
အီရန် နိုင်ငံ အပေါ် စီးပွား ရေးအရ အရေး ယူပိတ် ဆို့မှု များအား ဆန့်ကျင် ကြောင်း၊ ဒေသ တွင်းနှင့် မွတ်စလင် ကမ္ဘာ၌ ဖွံ့ဖြိုး တိုးတက်ရေး၊ ငြိမ်းချမ်း ရေးနှင့် လုံခြုံရေး တို့အား မြှင့်တင်ရန် အီရန်နှင့် တူရကီ နိုင်ငံ တို့၏ စွမ်းရည် များအား ပူးတွဲ အသုံးပြု သင့်ကြောင်း Rafsanjani က ပြောကြား ခဲ့ပါသည်။ နှစ် နိုင်ငံ ဆက်ဆံရေး ခိုင်မြဲမှု အပေါ် တူရကီ နိုင်ငံက ကြိုဆိုကြောင်း၊ နှစ် နိုင်ငံ အကြား သဘောထား ကွဲလွဲမှု အားလုံးကို ဖြေရှင်းရေး ပိုမို ကြိုးပမ်း အားထုတ် ရန် တောင်းဆို ကြောင်းနှင့် အပြန် အလှန် အကျိုး စီးပွား များအား ကာကွယ်ရန် နည်းလမ်းများ ရှာဖွေရေး အတွက် ဆွေးနွေး မှုများ ပြုလုပ်ရန် တူရကီ သံအမတ် ကြီးက ပြောကြား ခဲ့ပါသည်။ ဆီးရီးယား ပြည်သူ များ၏ ကိုယ့်ကြမ္မာ ကိုယ်ဖန် တီးခွင့် ရရှိ ရေးနှင့် အနာ ဂတ်အား အဆုံး အဖြတ် ပေးရန် အတွက် အခွင့် အရေး တောင်းဆို ရာတွင် တူရ ကီနှင့် အီရန် တို့သည် အရေး ပါသော အခန်း ကဏ္ဍမှ ပါဝင်လျက်ရှိ ကြောင်း Yardim  က ထပ်လောင်း ပြောကြား ခဲ့ပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်