Monday, August 06, 2012

ထိုင်းနိုင်ငံတောင်ပိုင်းစွန်းဒေသတွင် လုံခြုံရေးတိုးမြှင့်ခဲ့ခြင်း

Posted by drmyochit Monday, August 06, 2012, under | No comments

ထိုင်းနိုင်ငံ တောင်ပိုင်း ပတ္တနီ ပြည်နယ်တွင် သြဂုတ်လ ၁ ရက်နေ့က အကြမ်း ဖက်တိုက် ခိုက်မှု ၂ ရပ် ကြောင့်လူ ၃ ဦးသေ ဆုံး၍ ၁ဝ ဦးခန့် ဒဏ်ရာရ ရှိခဲ့ကြောင်း Xinhua သတင်း တစ်ရပ် အရသိရှိ ရပါသည်။ ၄င်းအပြင် Runda Kumpulan Kecil အကြမ်း ဖက်အဖွဲ့က ဟတ်ယိုင် ခရိုင်ကို ပစ်မှတ် ထားထပ်မံ တိုက်ခိုက် လာနိုင်ခြေ ရှိသည် ဟူသော ထောက်လှမ်း ရေးသတင်း များထွက်ပေါ် လာပြီးနောက် ထိုင်းအ စိုးရသည် နိုင်ငံတောင် ပိုင်းစွန်း ဒေသတွင် လုံခြုံရေး အစီအမံများ ကိုတိုး မြှင့်ခဲ့ပြီး စစ်နည်း ဗျူဟာ သစ်များ ချထားရေး စဉ်းစား လျက်ရှိကြောင်း ထိုင်းအ စိုးရ အဖွဲ့မှ တာဝန်ရှိ သူတစ်ဦးက ပြောကြား ခဲ့သည်ဟု သိရှိ ရပါသည်။ ကာကွယ် ရေးဝန်ကြီး ဆူကန်ပို ဆူဝမ် နာသက်က နိုင်ငံ တောင်ပိုင်း စွန်းဒေ သတွင် လက်နက် တပ်ဆင် ထားသော ဝေဟင် ကင်းထောက် လေယာဉ် များအပါ အဝင် စစ်ဗျူဟာ သစ်များနှင့် တိုးမြှင့် ထားသော လုံခြုံရေး အစီအ မံများချ ထားရေး အဆိုပြု ထားပါသည်။ ထိုင်းအစိုး ရအဖွဲ့သည် တောင်ပိုင်း စွန်းရှိစစ် မှုထမ်း များကို အုပ်ချုပ် ထောက်ပံ့မှုပေးရေးအတွက် အသုံးစရိတ်အဖြစ် ဘတ်ငွေ ၃၉၁ သန်း(အမေရိကန်ဒေါ်လာ ၁၂.၄ သန်း)ပေးအပ်ရေး ဇူလိုင်လ ၃၁ ရက် နေ့တွင် အတည်ပြု ပေးခဲ့ ပါသည်။ တောင်ပိုင်း စွန်းဒေ သတွင် အကြမ်း ဖက်သမား ပေါင်း ၈ဝဝဝ မှ ၁ဝ,ဝဝဝ ထိရှိ ကြောင်း သိရှိ ရပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်