Monday, August 06, 2012

ဆီးရီးယား၌ ရုရှားစစ်သင်္ဘောများဝင်ရောက်ဆိုက်ကပ်ခွင့်ရှိကြောင်း ဖော်ပြခဲ့ခြင်း

Posted by drmyochit Monday, August 06, 2012, under | No comments


ရုရှား စစ်သင်္ဘော များသည် ဆီးရီးယား နိုင်ငံ တာတပ်စ် ဆိပ်ကမ်း၌ ဝင်ရောက် ဆိုက်ကပ် ရန်အစီအစဉ် မရှိသော်လည်း ဖြစ်နိုင် ခြေမရှိဟု မဆိုလိုကြောင်း ရုရှား ကာကွယ်ရေး ဝန်ကြီး ဌာနက သြဂုတ်လ ၃ ရက်နေ့တွင် ပြောကြား ခဲ့သည်ဟု Xinhua  သတင်းတစ် ရပ်အရ သိရှိရ ပါသည်။ ရုရှားစစ် သင်္ဘော အုပ်၏မစ်ရှင် ပိုမိုကျယ် ပြန့်လာပါက နည်းပညာ ဆိုင်ရာ ထောက်ပံ့ရေး ပစ္စည်းများ အခြေပြု ရန်အတွက် တာတပ်စ် ဆိပ်ကမ်း၌  အပြည့်အဝ ဆိုက်ကပ် ပိုင်ခွင့်ရှိ ကြောင်း အဆိုပါ ကာကွယ်ရေး ဝန်ကြီးဌာ န၏ကြေညာ ချက်တွင် ဖော်ပြ ခဲ့ပါသည်။ အဆိုပါ စစ်သင်္ဘော အုပ်၏ကွပ်ကဲ မှုအဖွဲ့သည် ထောက်ပံ့ရေး ရေယာဉ်များ မှလည်းကောင်း၊ တာတပ်စ်ရှိ ထောက်ပံ့ရေး အခြေ စိုက်စခန်း မှလည်းကောင်း စစ်သင်္ဘော များ၏လိုအပ် ချက်များကို ထပ်မံဖြည့် တင်းပေး ရေးစီစဉ် လျက်ရှိ ပါသည်။ လတ်တ လောတွင်မူ စစ်သင်္ဘော ၁ဝ စီး ပါဝင်သော ရုရှားစစ် သင်္ဘောအုပ် တစ်အုပ်သည် မြေထဲပင် လယ်တွင် စစ်ရေး လေ့ကျင့်ခန်း များဆောင်ရွက် ရန်ရောက်ရှိ နေကြောင်း သိရှိရ ပါသည်။ ရုရှားကာ ကွယ်ရေး ဝန်ကြီး ဌာန၏ အဆိုအရ စစ်သင်္ဘော နောက်ထပ် ၃ စီးအား အဆိုပါ သင်္ဘောအုပ်သို့ စေလွှတ် လေ့ကျင့် စေမည်ဖြစ် ကြောင်းသိရှိ ရပါသည်။ ထို့အပြင် ပြီးခဲ့သော အပတ်က ရုရှား ရေတပ်ဦးစီးချုပ် Viktor Chirkov  က တာတပ်စ် ဆိပ်ကမ်းအား စစ်ဘက် အထောက် အကူပြု အခြေစိုက် စခန်းအဖြစ် ထိန်းသိမ်း သွားမည်ဖြစ် သော်လည်း လိုအပ်လာလျှင် ဆိပ်ကမ်း မှဘေးကင်း ရာသို့ပြောင်းရွှေ့ စေမည်ဟု မှတ်ချက်ပြု ပြောကြားခဲ့ ကြောင်း သိရှိ ရပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်