Monday, August 06, 2012

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ကင်ညာသို့ ရောက်ရှိ

Posted by drmyochit Monday, August 06, 2012, under | No comments


 
 (နိုင်ရိုဘီ  သြဂုတ်   ၅)
 အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး  ဟီလာရီ ကလင်တန်  သည် သြဂုတ် ၄ ရက်တွင်  ၄င်း၏ ၁၁ ရက် ကြာ အာဖရိကခရီးစဉ်၏ စတုတ္ထမြောက် နေ့အဖြစ် ကင်ညာနိုင်ငံသို့ ရောက်ရှိခဲ့ပြီး  အဆိုပါနိုင်ငံမှ  ခေါင်းဆောင်များအား ဒီမိုကရေစီ နည်းလမ်းကျ ရွေးကောက် ပွဲများ၏ အရေး ပါပုံကို  တိုက်တွန်း ပြောကြား ခဲ့ကြောင်း သိရသည်။

ဟီလာရီ ကလင်တန် သည်  ကင်ညာ အစိုးရ ထိပ်တန်း အရာရှိကြီး များနှင့် တွေ့ဆုံခဲ့ပြီး လာမည့် နှစ်တွင် ကျင်းပမည့် ရွေးကောက် ပွဲများ အတွက် ၂ဝဝ၇ ခုနှစ် သမ္မတ ရွေးကောက်ပွဲ ကဲ့သို့ အဓိက ရုဏ်းနှင့် ဆူပူမှု များထပ်မံ      မဖြစ်ပွား စေရန် တိုက်တွန်း ပြောကြား ခဲ့ကြောင်း သိရသည်။

ထို့ပြင်  သူမသည်   ဆိုမာလီ   အသွင် ကူးပြောင်းရေး အစိုးရ အဖွဲ့ဝင် များ၊ ဒေသ တွင်းရှိ ခေါင်းဆောင် များနှင့် လည်း  တွေ့ဆုံ သွားမည် ဖြစ်ကြောင်း သိရသည်။ သူမ၏ ခရီးစဉ် သည် ဆီနီဂေါ နိုင်ငံတွင်  စတင်ခဲ့ပြီး မာလာဝီ နှင့် တောင် အာဖရိက နိုင်ငံ များသို့  ဆက်လက်သွား ရောက်မည် ဖြစ်ကြောင်း သိရ သည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်