အာဖဂန် နစ္စတန် ပါလီမန်သည်
ကာကွယ် ရေးနှင့်ပြည်ထဲ ရေးဝန်ကြီး တို့ကို အယုံအကြည် မရှိမဲခွဲ ဆုံးဖြတ်မှုအား သြဂုတ်လ
၎ ရက်နေ့ တွင်ပြုလုပ် ခဲ့ကြကြောင်းနှင့် အဆိုပါ မဲခွဲဆုံးဖြတ် မှုသည် နိုင်ငံတကာ တပ်ဖွဲ့များရုပ်
သိမ်းနေစဉ် ကာလအတွင်း သမ္မတ ကာဇိုင်းအ စိုးရ၏နိုင် ငံတည်ငြိမ် ရေးကြိုး ပမ်းမှုများကို
ထိုးနှက် မှုတစ်ရပ် ဖြစ်စေကြောင်း Newsnow သတင်းတစ်
ရပ်အရ သိရှိရ ပါသည်။ အာဖဂန် ဥပဒေပြု အမတ်များက အစိုးရ အနေဖြင့်ပါ ကစ္စတန် နိုင်ငံမှ
နယ်စပ်ဖြတ် ကျော်တိုက်ခိုက် မှုများကို တုံ့ပြန်နိုင်ခြင်း မရှိသောကြောင့် ထိုကဲ့သို့
မဲခွဲဆုံး ဖြတ်မှုပြု လုပ်ပြီး ကာကွယ် ရေးဝန်ကြီး အဗ္ဗဒူလ် ရာဟင် ဝါဒတ်နှင့် ပြည်ထဲ ရေးဝန်ကြီး
ဘစ်မူလာ မိုဟမ်မာ ဒီတို့ကို ထုတ်ပယ်ရန် တောင်းဆိုခဲ့ ကြခြင်း ဖြစ်ပါသည်။ အာဖဂန်ပါလီမန်က
ဝါဒတ်အား ထုတ်ပယ် ရန်မဲခွဲဆုံး ဖြတ်ရာ၌ ထောက်ခံမဲ ၁၄၆ မဲ၊ ကန့်ကွက်မဲ ၇၂ မဲရရှိခဲ့ပြီး
မိုဟမ် မာဒီအတွက် ထောက်ခံမဲ ၁၂၆ မဲ၊ ကန့်ကွက်မဲ ၉ဝ ဖြင့်အတည်ပြု ပေးခဲ့ခြင်း ဖြစ်ပါသည်။
အဆိုပါ ဝန်ကြီး ၂ ဦးစလုံးသည် ၄င်းတို့၏ ရာထူး နေရာအတွက် အရည်အချင်း မပြည့်မီ ကြောင်းနှင့်
သမ္မတကာ ဇိုင်းအား အဆိုပါ ဝန်ကြီးနေ ရာများအတွက် ဝန်ကြီးအသစ် များခန့်အပ် ရန်တောင်းဆို
ထားကြောင်း ပါလီမန် အောက်လွှတ်တော် ဥက္ကဋ္ဌ အဗ္ဗဒူလ် ရောဖ်အေဘရာ ဟီမီက ပြောကြားခဲ့ပါသည်။
သမ္မတ ရုံးအဖွဲ့မှ ထုတ်ပြန်သော ကြေညာ ချက်တစ် စောင်တွင် အာဖဂန် ဖွဲ့စည်းပုံ အခြေခံဥပ
ဒေပုဒ်မ ၉၂အရ ပါလီမန်တွင် ဝန်ကြီးများ အားထုတ်ပယ်ခွင့် အာဏာ ပေးထားကြောင်း ဖော်ပြခဲ့ပြီး
သမ္မတ အနေဖြင့် ပါလီမန် ၏အယုံအ ကြည်မရှိ မဲခွဲဆုံး ဖြတ်မှုအား ထောက်ခံကြောင်း၊ သို့မဟုတ်
ဆန့်ကျင် ပယ်ချကြောင်း တစ်စုံတစ် ရာဖော်ပြ ခဲ့ခြင်းမရှိ သော်လည်း သမ္မတ အနေဖြင့် သြဂုတ်လ
၅ ရက်နေ့ လုံခြုံရေး အဖွဲ့အစည်း အဝေးပြီးမှ သာလျှင် အဆိုပါဝန်ကြီး များထုတ်ပယ်ခြင်း
နှင့်ပတ်သက်၍ ဆုံးဖြတ် မည်ဖြစ်ကြောင်း သိရှိရပါသည်။
Time in Rangoon

0 comments:
Post a Comment