Monday, August 06, 2012

မြာက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်သည် တရုတ်အဆင့်မြင့်ခေါင်းဆောင်များနှင့် တွေ့ဆုံ၍နှစ်နိုင်ငံဆက်ဆံရေးကိစိစ္စရပ်များကိုဆွေးနွေးခဲ့ခြင်း

Posted by drmyochit Monday, August 06, 2012, under | No comments


မြာက်ကိုရီး ယားခေါင်းဆောင် ကင်ဂျုံအန်သည် အလည် အပတ် ရောက်ရှိ နေသော တရုတ် ကွန်မြူ နစ်ပါတီ(CPC) ဗဟို ကော်မတီ၏ နိုင်ငံတကာ ရေးရာဌာ နအကြီး အကဲWang Jiarui နှင့်သြဂုတ်လ ၂ ရက်နေ့တွင် နှစ်နိုင် ငံဆက်ဆံ ရေးကိစ္စ ရပ်များကို ဆွေးနွေးခဲ့ ကြကြောင်း Xinhua  သတင်း တစ်ရပ် အရ သိရှိရ ပါသည်။
CPC နှင့် တရုတ် အစိုးရတို့ အနေဖြင့် တရုတ်-မြောက်ကိုရီးယား ဆက်ဆံ ရေးများအား မဟာ ဗျူဟာ မြောက်နှင့် ရေရှည်မျှော် မှန်းချက် တစ်ရပ် အဖြစ်ရှု မြင်ထား ကြောင်းနှင့် အဆိုပါ ရှုမြင်ချက်သည်  နှစ်နိုင်ငံ ချစ်ကြည် ရင်းနှီးစွာပူး ပေါင်းဆောင် ရွက်ရေး ခိုင်မာပြီး ဖွံ့ဖြိုးတိုး တက်စေမည့် ခိုင်မာသော မူဝါဒ တစ်ရပ်ပင် ဖြစ်ကြောင်း Wang ကပြော ကြားခဲ့ပါသည်။ နှစ်နိုင် ငံအနေဖြင့် အဓိက ကျသောနိုင် ငံတကာ ရေးရာနှင့် ဒေသတွင်း ဆိုင်ရာကိ စ္စရပ်များတွင် မဟာဗျူဟာ မြောက်ဆက် သွယ်ပြီး ပေါင်းစပ် ညှိနှိုင်း မှုကိုတိုးချဲ့ လုပ်ဆောင် သင့်ကြောင်းနှင့် ကိုရီးယား ကျွန်းဆွယ် ပေါ်တွင် ငြိမ်းချမ်းရေး နှင့်တည်ငြိမ်ရေး၊ လုံခြုံစိတ် ချမှုရှိ စေရန်နှင့် အရှေ့မြောက် အာရှဒေသ များတွင် ကြာရှည် တည်တံ့သော ငြိမ်းချမ်း ရေးရရှိ စေရန် မနားမနေ ကြိုးပမ်းလုပ် ဆောင်သင့်ကြောင်း Wang က ထပ်လောင်း ပြောကြား ခဲ့ပါသည်။ မြောက်ကိုရီး ယားနိုင်ငံ အနေဖြင့် ကိုရီးယား ကျွန်းဆွယ်တွင် ငြိမ်းချမ်းရေး နှင့်တည်ငြိမ် မှုရှိရေး အတွက် အမြဲတမ်း တက်ကြစွာ ကြိုးပမ်း လုပ်ဆောင် လျက်ရှိကြောင်း ကင်ဂျုံအန် ကပြောကြား ခဲ့ပါသည်။ Wang ဦးဆောင်သော တရုတ် ကိုယ်စားလှယ် အဖွဲ့သည် ဇူလိုင်လ ၃ဝ ရက် နေ့မှစ၍ မြောက်ကိုရီး ယားနိုင်ငံသို့ အလည် အပတ်ရောက်ရှိ နေခြဲ့ကပြီး အဆို ပါခရီး စဉ်တွင်မြောက် ကိုရီးယား အလုပ်သ မားပါတီ (WPK) နိုင်ငံတကာ ရေးရာဌာန အကြီးအကဲ Kim Yong Il နှင့်တွေ့ဆုံပြီး နှစ်နိုင်ငံ အပြန်အလှန် ဆက်ဆံရေး ကိစ္စရပ် များကို ဆွေးနွေး ခဲ့ကြကြောင်း သိရှိခဲ့ ရပါသည်။
ကင်ဂျုံအမ်နှင့်တရုတ်ကိုယ်စားလှယ်အဖွဲ့တို့တွေ့ဆုံစဉ် 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်