Monday, August 06, 2012

ဆီးရီးယားနိုင်ငံတွင်း ငြိမ်းချမ်းစွာ နိုင်ငံရေးအသွင် ကူးပြောင်းမှုအတွက် ဆက်လက်ကူညီမည် ဖြစ်ကြောင်း ဥရောပသမဂ္ဂက ပြောကြားခဲ့ခြင်း

Posted by drmyochit Monday, August 06, 2012, under | No comments

Xinhuanet.com;Aug-3(Fri)

ဆီးရီးယား နိုင်ငံ ဆိုင်ရာ ကုလ သမဂ္ဂ- အာရပ် အဖွဲ့ချုပ် ပူးတွဲ အထူး သံတမန် ကိုဖီ အာနန်က ရာထူးမှ နုတ်ထွက် ကြောင်း ကြေညာ ခဲ့ပြီး နောက်တွင် ဥရောပ သမဂ္ဂ အနေဖြင့် ဆီးရီးယား နိုင်ငံတွင်း ငြိမ်းချမ်းစွာ နိုင်ငံရေး အသွင် ကူးပြောင်း မှုအတွက် ဆက်လက် ကူညီ သွားမည် ဖြစ်ကြောင်း ဥရောပ သမဂ္ဂ နိုင်ငံခြားရေး မူဝါဒ အကြီး အကဲ ကက်သရင်း အက်ရှ်တွန်က သြဂုတ်လ ၂ ရက် နေ့တွင် ပြောကြား ခဲ့ပါသည်။ ကိုဖီ အာနန် ရာထူးမှ နုတ်ထွက် သွားခြင်း အတွက် များစွာ စိတ်မ ကောင်းဖြစ် မိကြောင်း အက်ရှ် တွန်က ကြေညာ ချက်တစ် စောင်တွင် ပြောကြား ခဲ့ပါသည်။ ဆီးရီးယား ပဋိ ပက္ခအား အဖြေ ရှာရန် အတွက် ဖေဖော် ဝါရီလ ၂၃ ရက် နေ့တွင် ကိုဖီ အာနန်အား ၄င်း ရာထူးတွင် ခန့်အပ် တာဝန်ပေး ခဲ့ခြင်း ဖြစ်ပါသည်။

ဥရောပ သမဂ္ဂသည် ကုလ သမဂ္ဂနှင့် အာရပ် အဖွဲ့ ချုပ်၏ ကြိုးပမ်း မှုများကို ဆက်လက် ထောက်ခံသွား မည်ဖြစ် ကြောင်း၊ ဆီးရီးယား နိုင်ငံတွင်း ငြိမ်းချမ်းစွာ နိုင်ငံရေး အသွင် ကူးပြောင်း မှုအတွက် ကိုဖီ အာနန်၏ တာဝန် ဆက်လက် ဆောင်ရွက်ရန် အတွက် နောက်ထပ် ပုဂ္ဂိုလ် တစ်ဦးအား ဆောလျင် စွာခန့် အပ်ရန် ဥရောပ သမဂ္ဂက တိုက်တွန်း ကြောင်း အက်ရှ် တွန်က ပြောကြား ခဲ့ပါသည်။ အချက် ၆ ချက်ပါ ငြိမ်းချမ်း ရေးအ စီအ စဉ်သည် ဆီးရီးယား ပြည်သူများ အတွက် အကောင်းဆုံး မျှော်လင့် ချက်ဖြစ် နေဆဲဖြစ် ကြောင်း၊ ဂိုဏ်းဂဏ အဖွဲ့ အစည်း များ၏ လက်နက် ကိုင် ပဋိ ပက္ခများ ထပ်မံဖြစ် ပွားနေ ခြင်းသည် ဆီးရီးယား နိုင်ငံ နှင့် ပြည်သူများ၊ ဒေသ တစ်ခုလုံး အတွက် အကြီး အကျယ် ထိခိုက် နစ်နာ စေမှု ကိုသာ ဖြစ်ပေါ် စေနိုင် ကြောင်း အက်ရှ် တွန်က ပြောကြား ခဲ့ပါသည်။
ဆီးရီးယား ပြည်သူ များ၏ ဒီမို ကရေစီ ရည်မှန်း ချက်ကို အကောင် အထည်ပေါ် စေပြီး ဆီးရီးယား နိုင်ငံ တည်ငြိမ် မှုပြန်လည် ရရှိ စေမည့် နိုင်ငံရေး အသွင် ကူးပြောင်း မှုကို ဆက်လက် အကောင် အထည်ဖော် ဆောင်ရွက်ရန် ဥရောပ သမဂ္ဂက ကတိ ကဝတ် ပြုကြောင်း အက်ရှ် တွန်က ပြောကြား ခဲ့ပါသည်။ ကိုဖီ အာနန်က သြဂုတ်လ ၃၁ ရက်နေ့ တွင် ၄င်း၏ လုပ်ပိုင်ခွင့် သက်တမ်း ကုန်ဆုံး ချိန်၌ ထပ်မံ သက်တမ်း တိုးခြင်း မပြုရန် ဆုံးဖြတ် ထားကြောင်း ကုလ သမဂ္ဂ အထွေထွေ အတွင်းရေး မှူးချုပ် ဘန်ကီ မွန်းနှင့် အာရပ် အဖွဲ့ချုပ် အတွင်းရေး မှူးချုပ် Nabil Elaraby  တို့အား အသိ ပေးခဲ့ ကြောင်း ဘန်ကီ မွန်းက သြဂုတ် လ ၂ ရက် နေ့တွင် ကြေညာ ခဲ့ပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်