Monday, August 06, 2012

ကေအိုင်အေတပ်ဖွဲ့ဝင်များ တပ်သားသစ်များစုဆောင်းခြင်းကြောင့် လယ်သမားများအခက်တွေ့နေ

Posted by drmyochit Monday, August 06, 2012, under | No comments


From  ကချင်နေစဉ်သတင်း  

 ပြီးခဲ့တဲ့ သြဂုတ်လ (၃) ရက်နေ့က ကေအိုင်အေ မလိပါတိုက်နယ်ရုံးမှ ဘရန်ဂျာခေါင်းဆောင် တဲ့ ကေအိုင်အေ တပ်ဖွဲ့ဝင် (၁၀) ဦးဟာ မန်စီမြို့နယ်၊ မိုးခေါင်ကျေးရွာမှာရှိတဲ့ ကျေးရွာနေ ဒေသခံ ကချင်လူမျိုး ယောင်္ကျားလေး (၁၂) ဦး နဲ့ မိန်းကလေး (၃) ဦးတို့ကို တပ်သားသစ် စုဆောင်းဖို့ ဟုဆိုကာ ဖမ်းဆီးခေါ်ဆောင် သွားခဲ့တယ်လို့ သိရပါတယ်။
 ကေအိုင်အေ တပ်ဖွဲ့အနေနဲ့ တပ်သားသစ်စုဆောင်းမှုတွေကို ကျေးရွာအတော်များများမှာ ပြုလုပ်နေ ခဲ့ ကြပါတယ်။ ယခုအချိန်ဟာ မိုးရာသီသို့ ရောက်ရှိနေပြီ ဖြစ်တဲ့အတွက် စပါးစိုက်ပျိုးလုပ်ကိုင်ဖို့ ဆောင် ရွက်နေ ကြတဲ့အချိန်ဖြစ်ပါတယ်။
လယ်သမားတွေအနေနဲ့ လယ်ယာလုပ်ငန်း လုပ်ကိုင်ဖို့ ကောက်စိုက်သူများနဲ့ စာရင်းငှားများ ငှားရမ်း သော်လည်း ကေအိုင်အေ တပ်ဖွဲ့ ၏ဖမ်းဆီးခြင်း၊ လူသစ်စုဆောင်းခြင်း ခံရမှာ စိုးရိမ်တဲ့အတွက် လယ်တောသို့ မလိုက်ရဲတဲ့အပြင် လယ်သမားများအနေနဲ့လည်း ယခုလို လူသစ်စုခြင်း ၊ ဆပ်ကြေးကောက် ခံခြင်းတွေကြောင့် လယ်ယာများ အချိန်မှီ မစိုက်ပျိုးနိုင်ပါက စားဝတ်နေရေးအတွက် အခက်အခဲများ ဖြစ် လာနိုင်ကြောင်း မိုးခေါင် ကျေးရွာနေ လယ်သမား ဦးဂမ်ဆိုင်းမှ ပြောသည်။


0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်