ဆူဒန်နှင့် တောင်ဆူဒန် နိုင်ငံတို့သည်
တောင်ဆူ ဒန်ခွဲမ ထွက်မီက ဆူဒန်နိုင်ငံ ကထိန်းချုပ် ထားသော ရေနံများ မျှဝေသုံးစွဲ ရေးနှင့်ပတ်
သက်၍ သဘော တူညီမှုတစ် ရပ်ရရှိခဲ့ ကြောင်း အာဖရိက သမဂ္ဂကြား ဝင်စေ့စပ်ရေး ကိုယ်စား လှယ်Thabo Mbeki က သြဂုတ်လ ၄ ရက်နေ့တွင် ပြောကြား ခဲ့သည်ဟု AFP သတင်း တစ်ရပ်အရ သိရှိရ ပါသည်။ ရေနံနှင့် ပတ်သက်သည့်
ဘဏ္ဍာရေး အစီအစဉ်များ အားလုံးကို နှစ်ဘက် စလုံးက သဘော တူညီခဲ့ ကြောင်းနှင့် ရေနံ ထုတ်လုပ်မှုနှင့်
တင်ပို့မှုကို ပြန်လည် စတင်သွား မည်ဖြစ် သော်လည်း စတင်မည့် အချိန် အသေးစိတ် ကိုမူ Mbeki က အတည် ပြုပြောကြား ခဲ့ခြင်းမ ရှိကြောင်း သိရှိရ
ပါသည်။ ရေနံထုတ် လုပ်မှုနှင့် တင်ပို့မှုများ ပြန်လည် စတင်ရေး အတွက် ပြင်ဆင် ထားရန် ရေနံ
ကုမ္ပဏီများ ထံညွှန်ကြား လာချိန်တွင် နောက်ထပ် ဆောင်ရွက် မည့်အစီ အစဉ်များကို ဆက်လက်
ဆွေးနွေးသွား မည်ဖြစ်ကြောင်း Mbeki က
ထပ်လောင်း ပြောကြားခဲ့ ပါသည်။ အမေရိကန် နိုင်ငံခြား ရေးဝန်ကြီး ကလင်တန်က ဆူဒန်နှင့်
တောင်ဆူဒန် နိုင်ငံအကြား အငြင်းပွားမှုများ အဆုံးသတ် ရေးနှင့် ရေနံထုတ် လုပ်မှုပြန်လည်
စတင်ရေး ပြောကြား ပြီးနောက် Mbeki ၏ကြေညာချက် ထွက်ပေါ် လာခဲ့ ခြင်းဖြစ်ကြောင်း သိရှိရ
ပါသည်။
0 comments:
Post a Comment