Monday, August 06, 2012

အီရန်နိုင်ငံ၏ အကြီးဆုံး ရေနံဓာတုပစ္စည်း စက်ရုံ မီးလောင်မှုဖြစ်ပွား

Posted by drmyochit Monday, August 06, 2012, under | No comments


 
 (တီဟီရန်    သြဂုတ်   ၅
အီရန် နိုင်ငံ အနောက် တောင်ပိုင်း မာရှာမြို့တော် ရှိ နိုင်ငံ၏ အကြီးဆုံး ရေနံဓာတု ပစ္စည်း စက်ရုံ တွင်  ဓာတ်ငွေ့ ယိုစိမ့်မှု ကြောင့် ပေါက်ကွဲမှု ဖြစ်ပွားပြီး မီးလောင် ခဲ့ရာ တစ်ဦး သေဆုံးပြီး ၁၆ ဦး ဒဏ်ရာ ရရှိ ခဲ့သည်ဟု  ပြည်နယ် အုပ်ချုပ် ရေးမှူး မန်အူချာဟာ ယာတီ က ပြောကြား ခဲ့ကြောင်း သြဂုတ် ၄ ရက်က အင်တာနက် သတင်း တစ်ပုဒ်တွင် ဖော်ပြ ထားသည်။
သို့ရာတွင် အဆိုပါ မီးလောင် ကျွမ်းမှု ကြောင့် စက်ရုံ လည်ပတ်မှု များမှာ အနှောင့် အယှက် ဖြစ်ပွား ခဲ့ခြင်း မရှိကြောင်း ဟာယာတီ ၏ ပြောကြား ချက်ကို ကိုးကား၍ င်္မျေ သတင်း အေဂျင်စီ က ထုတ်ပြန် ကြေညာ ခဲ့သည်။
အီရန်နိုင်ငံရှိ   ရေနံ ဓာတု ပစ္စည်း စက်ရုံ များသည် မကြာမီ လများ အတွင်းက တိုက်ခိုက်မှု ခံခဲ့ ရခြင်း ကြောင့် ရေနံနှင့် သဘာဝ ဓာတ်ငွေ့ ထုတ်လုပ်ခြင်း လုပ်ငန်း များကို များစွာ ထိခိုက် စေခဲ့ ကြောင်း သိရသည်။  

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်