Monday, August 06, 2012

အဆင့်မြင့်ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ ဂယာမြို့ရှိ OFFICER TRAINING ACADEMY,အိန္ဒိယသမ္မတနိုင်ငံသို့ရောက်ရှိ GAYA အား ကြည့်ရှုလေ့လာ

Posted by drmyochit Monday, August 06, 2012, under | No comments

နေပြည်တော်  သြဂုတ်  ၅ 
 
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့ဝင် များအား အိန္ဒိယ နိုင်ငံ ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးဇင်ယော် နှင့် ဇနီး၊ စစ်သံမှူး ဗိုလ်မှူးကြီး သိန်းလွင် နှင့် ဇနီး၊  အိန္ဒိယ တပ်မတော် မှ Major General A P BAM နှင့် တာဝန်ရှိသူ တို့က လေယာဉ် လှေကား ထိပ်မှ ကြိုဆို နှုတ်ဆက် ကြသည်။

ထိုမှ တစ်ဆင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့ဝင် များသည် အိန္ဒိယ တပ်မတော် အထူး လေယာဉ် များဖြင့် ဆက်လက် ထွက်ခွာ ကြရာ ဂယာလေ ဆိပ်သို့ ရောက်ရှိ ကြပြီး လေဆိပ်တွင် ဂယာ တပ်နယ်မှူး Lieutenant General Jitender Sikand, VSM နှင့် တာဝန် ရှိသူများက ကြိုဆို ကြသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် နှင့် အဖွဲ့ဝင် များသည် ညနေပိုင်း တွင် ဂယာမြို့ရှိ OFFICER TRAINING ACADEMY, GAYA အား သွားရောက် ကြည့်ရှု ကြရာ ကျောင်းအုပ်ကြီး နှင့်အဖွဲ့မှ ကြိုဆို ကြပြီး ရှင်းလင်း ဆောင်ခန်းမ တွင် တာဝန်ရှိသူ တစ်ဦးက ကျောင်း၏ သမိုင်းကြောင်း၊ သင်တန်းသား လက်ခံ သင်ကြား နေမှု အခြေ အနေများ၊ သင်တန်း၏ အဓိက ရည်မှန်းချက်များ၊ လေ့ကျင့်သင် ကြားပေး နေသော အခြေအနေ များ စသည့် သင်တန်း နှင့် ပတ်သက်သည့် အကြောင်း အရာ များအား ရှင်းလင်း တင်ပြသည်။

ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် က သိရှိလို သည်များ မေး မြန်းရာ သင်တန်း ကျောင်း ကျောင်းအုပ်ကြီး Lieutenant General Jitender Sikand, VSM နှင့် တာဝန် ရှိသူ တို့က ရှင်းလင်း ဖြေကြား ကြသည်။

ယင်းနောက် သင်တန်း ကျောင်း ကျောင်းအုပ်ကြီး က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အား အမှတ် တရ လက်ဆောင် ပစ္စည်း ပေးအပ်သည်။
ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က သင်တန်းကျောင်း ကျောင်းအုပ်ကြီး အား အထိမ်း အမှတ် တံဆိပ် နှင့် အမှတ်တရ ပန်းချီကား လက်ဆောင် တို့အား ပြန်လည် ပေးအပ်သည်။

ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် နှင့် အဖွဲ့ဝင် များသည် သင်တန်း ကျောင်းရှိ ဗိုလ်လောင်း သင်တန်းဆောင် များတွင် ဗိုလ်လောင်းများ Computer Class ၌ လေ့လာ သင်ယူ နေမှု များကို လည်းကောင်း၊ သင်တန်း ကျောင်း စာကြည့်တိုက် အတွင်း စာအုပ် စာစောင်များ ထားရှိမှု ကိုလည်းကောင်း လှည့်လည် ကြည့်ရှု ကြသည်။

ထိုမှ တစ်ဆင့်  သင်တန်း ကျောင်းရှိ ဗိုလ်လောင်း အိပ်ဆောင်များ၊ ဗိုလ်လောင်း ဧည့်တွေ့ခန်း၊ အားကစား လေ့ကျင့်မှု အခန်း များအား လှည့်လည် ကြည့် ရှုကြရာ တာဝန် ရှိသူ တို့က လိုက်လံ ရှင်းလင်း ပြသ ကြသည်။

ယင်းနောက် တပ်မတော် ကာကွယ် ရေးဦးစီးချုပ် နှင့် အဖွဲ့ဝင် များသည် သင်တန်း ကျောင်းရှိ ဗိုလ်လောင်း စားရိပ်သာ သို့ သွားရောက် ကြည့်ရှု ကြရာ တာဝန်ရှိ သူတို့က ရှင်းလင်း ပြသ ခဲ့ကြောင်း သတင်း ရရှိသည်။                            


0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်