Xinhuanet.com;Aug-3(Fri)
ပုံစံ အမျိုး မျိုးဖြင့် ဆောင်ရွက် နေသော အကြမ်း ဖက်မှု များအား
လုံးရပ် တန့်ရန် မတ်လ ၂၃ ရက်နေ့ လှုပ်ရှား မှုအဖွဲ့ (M 23) အပါ အဝင် ကွန်ဂို သမ္မတ နိုင်ငံရှိ
လက်နက်ကိုင် အဖွဲ့ များအား လုံးအပေါ် ကုလ သမဂ္ဂ လုံခြုံရေး ကောင်စီ က သြဂုတ် လ ၂ ရက်
နေ့တွင် တိုက်တွန်း ပြောကြား ခဲ့ပါသည်။ လူသစ် စုဆောင်းမှု၊ ကလေး သူငယ်များ အသုံး ပြုမှုနှင့်
လိင်ပိုင်း ဆိုင်ရာ အကြမ်း ဖက်မှု စသည့် အကြမ်း ဖက်မှု များအား လုံးရပ် တန့်ရန် M 23
အဖွဲ့ အပါ အဝင် လက်နက်ကိုင် အဖွဲ့ များအား ကုလ သမဂ္ဂ လုံခြုံရေး ကောင်စီ ၏ အဖွဲ့ဝင်
၁၅ နိုင်ငံက တိုက်တွန်း ပြောကြား ခဲ့ပါသည်။ နေအိမ် စွန့်ခွာ ထွက်ပြေး နေရသော သူများနှင့်
ဒုက္ခသည် အရေ အတွက် တိုးမြှင့် လာမှု အပါ အဝင် ကွန်ဂို သမ္မတ နိုင်ငံ၏ မြောက် ကီဗူပြည်
နယ်တွင် လူသား ချင်းစာ နာထောက် ထားမှု ဆိုင်ရာ အခြေ အနေများ ဆိုးရွား နေမှု အပေါ် အလွန်
အမင်း စိုးရိမ်ကြောင်း လုံခြုံရေး ကောင်စီက ထုတ်ဖော် ပြောကြား ခဲ့ပြီး သင့်လျော်သော
လူသားချင်း စာနာ ထောက် ထားမှု ဆိုင်ရာ အကူ အညီများ ပြုလုပ် ဆောင်ရွက် ပေးရန် နိုင်ငံ
တကာ အဖွဲ့ အစည်း များအား လုံခြုံရေး ကောင်စီက တောင်းဆို ခဲ့ပါသည်။
နိုင်ငံ အရှေ့ ပိုင်းရှိ မြောက် ကီဗူနှင့် တောင် ကီဗူ ပြည်နယ်
တို့တွင် အစိုးရ တပ်ဖွဲ့ ဝင်များ နှင့် M23 အဖွဲ့တို့ အကြား တိုက်ခိုက် မှုများ စွာဖြစ်
ပေါ်လျက် ရှိသော ကြောင့် အိမ်နီးချင်း ရဝမ်ဒါ နှင့် ယုဂန္ဓာ နိုင်ငံ များသို့ လူအများ
အပြား ထွက်ပြေး နေရကာ လူ ၁ဝဝ,ဝဝဝ ကျော်သည် နေအိမ် စွန့်ခွာ ထွက်ပြေး နေရပါသည်။ ရဝမ်ဒါ
နိုင်ငံသည် M23 အဖွဲ့အား ထောက်ပံ့ ပေးနေ ကြောင်း ကွန်ဂို သမ္မတ နိုင်ငံက စွပ်စွဲ ပြောကြား
ခဲ့သော်လည်း စွပ်စွဲ ချက်အား ရဝမ်ဒါ နိုင်ငံက
ငြင်းဆို ထားပါသည်။
Time in Rangoon

0 comments:
Post a Comment