Sunday, September 02, 2012

အမေရိကန်မောင်းသူမဲ့ လေယာဉ်၏ ပစ်ခတ်မှုကြောင့် ယီမင် အရှေ့တောင် ပိုင်းတွင် အယ်လ်ကိုင်ဒါ အဖွဲ့ဝင် ရှစ်ဦး သေဆုံး

Posted by drmyochit Sunday, September 02, 2012, under | No comments


အမေရိကန် မောင်းသူမဲ့လေယာဉ် တစ်စင်းမှ ပစ်လွှတ်လိုက်သည့် ဒုံးကျည် နှစ်စင်းသည် ယီမင်နိုင်ငံ အရှေ့တောင်ပိုင်း ဟာဒရာေ မာက်ပြည်နယ်တွင် မောင်းနှင်နေသော ယာဉ်တစ်စင်းကို ထိမှန်ခဲ့ရာ ယာဉ်ပေါ်တွင် လိုက်ပါ လာသည့် အယ်လ်ကိုင်ဒါအဖွဲ့ဝင်ဟု ယူဆရသည့် စစ်သွေးကြွရှစ်ဦး သေဆုံးခဲ့ရကြောင်း အမည်မဖော်လိုသူ လုံခြုံရေး အရာရှိ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။
အမေရိကန် မောင်းသူမဲ့လေယာဉ်မှ ပစ်လွှတ်လိုက်သော ဒုံးကျည်ထိမှန်မှု ကြောင့် သြဂုတ် ၃၁ ရက်က သေဆုံး ခဲ့ရသူ ရှစ်ဦးလုံးသည် ယီမင်အခြေစိုက် အယ်လ်ကိုင်ဒါ ဌာနခွဲမှ အဖွဲ့ဝင်များဟု ယူဆရကြောင်း၊ အဆိုပါတိုက်ခိုက် မှုသည် သုံးရက်အတွင်း ယီမင်အရှေ့တောင်ပိုင်း၌ တတိယအကြိမ် ဒုံးကျည်ဖြင့် ပစ်ခတ် တိုက်ခိုက်မှုဖြစ်ကြောင်း သိရသည်။

အမေရိကန် ပြည်ထောင်စုသည် အကြမ်းဖက်ဆန့်ကျင်ရေး ပူးတွဲလုပ် ဆောင်မှု များကို ယခုနှစ် ဖေဖော်ဝါရီလ အတွင်းက ယီမင်သမ္မတ အက်ဘ်ရာဘူ မန်ဆောဟာဒီ တာဝန်စတင် ထမ်း ဆောင်ချိန်မှစ၍ အဆိုပါနိုင်ငံနှင့် ပူးတွဲ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
  

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်