Sunday, September 02, 2012

KIA သောင်းကျန်းသူအဖွဲ့မှ ထပ်မံ အလင်းဝင်ရောက်လာသူများ

Posted by drmyochit Sunday, September 02, 2012, under | No comments


From: MWD 
 ၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၃၁ ရက်နေ့ နေ့လည် ၁ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (၁၆)၊ စစ်ဆင် ရေးနည်းဗျူဟာ (၁)မှ နည်းဗျူဟာမှူး၏ ကြီးကြပ်မှုဖြင့် ကျေးရွာ လူကြီး များ၊ မုံးကိုး ပြည်သူ့စစ် အဖွဲ့များနှင့် ပူးပေါင်း၍ အလင်းဝင်ရောက်ရန် ဆက်သွယ်စည်းရုံး ဆောင်ရွက် ခဲ့ရာ မုံးကိုးတပ်စခန်းသို့ KIA တပ်ရင်း (၃၆/၃၈) မှ တပ်သား အဆင့်ရှိသူ ထန်ရိန်းမီး၊ KIA ဒေသခံ ပြည်သူ့စစ် ရီဆာတို့နှစ်ဦးသည် လက်နက်၊ ခဲယမ်းများနှင့်အတူ အလင်းဝင် ရောက်ခဲ့ကြောင်း သတင်းရရှိ ပါသည်။ 

လက်ရှိ အလင်းဝင်ရောက်လာသူ ဦးရေမှာ စုစုပေါင်း (၇) ဦး ရှိသွားပြီဖြစ်ပြီး သြဂုတ်လ ၂၆ ရက်နေ့တွင် အလင်းဝင်ရောက်လာသူ (၅)ဦးနှင့် ယခု အလင်းဝင်ရောက်လာသူ (၂)ဦး တို့ ဖြစ်ပါသည်။ အလင်းဝင်ရောက် လာသူများအား ထောက်ပံ့မှုများ ဆောင်ရွက်ထားရှိကြောင်း သတင်းရရှိပါသည်။
အလင်းဝင်ရောက်လာသူများအား ထောက်ပံ့မှုများ ဆောင်ရွက်  

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်