ရှမ်းပြည်အရှေ့ပိုင်း ထိုင်းမြန်မာနယ်စပ်တာချီလိတ်မြို့က ကျေးရွာတရွာမှာ သြဂုတ်လ ၃၁ ရက်နေ့ မနေ့ မနက်ပိုင်းလင်းအား ကြီးအချိန်က ကျပ်ငွေ သိန်းတစ်ထောင်ကျော်ဖိုးရှိတဲ့ မူးယစ်ဆေး
ဝါးတွေနဲ့ မူးယစ်ဆေး ထုတ်လုပ်တဲ့ စက်ပစ္စည်းတွေ ဖမ်း ဆီးနိုင်ခဲ့တယ်လို့
သိရပါတယ်။
တာချီလိတ်မြို့နယ် စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ မြို့နယ် မူးယစ်နှိမ်နင်းရေး အထူးတပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီး ဟောင်လိတ်ကျေးရွာ အုပ်စု ၀ိန်းကျောက်ရွာက အိမ်အမှတ် ၂၆၆ က ဦးလောတဆိုသူရဲ့နေအိမ်ကို ၀င်ရောက်စစ်ဆေးရာက ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ အာဏာပိုင်နဲ့နီးစပ်သူတစ်ဦးက အာအက်ဖ်အေ ကို ပြောပါတယ်။
"မနက် ၄ နာရီခွဲ ၅ နာရီလောက်က ကျနော်တို့ တာချီလိတ်မြို့နယ်
ဟောင်လိတ်ကျေးရွာ အုပ်စုပေါ့နော်။ ဒီ ၀ိန်းကျောက်ရွာမှာ မိတာ သတင်းအရ
ဝင်ဖမ်း စစ်ဆေးတာ။
လောတ အိမ် ဘာလူမျိုးလည်းတော့ ကျနော်တို့လည်း မသိဘူးဗျ။ ၀င်ရှာတော့
စိတ်ကြွ ရူးသွပ်ဆေးပြား ၇ ကီလိုလောက် မိတယ်။ အလုံးအရေအတွက်တော့
ကျနော်တို့လည်း မသိရဘူး။ နောက် ဒီလုပ်တဲ့ စက် တစ်လုံးမိတယ်၊ နောက် သူနဲ့ ဆက်စပ်တဲ့ ဆေးရည် ဆေးအမှုန့်တွေလည်းမိတယ်။"
ဖမ်းဆီးရမိတဲ့ ပစ္စည်းတွေထဲမှာ မူးယစ်ဆေးပြားရိုက်စက်တစ်လုံး၊ ဆေးပြား
အခြောက်ခံစက်တစ်လုံး၊ ဆေးမှုန့်မွေစက် တစ်လုံးနဲ့ စိတ်ကြွ မူးယစ်ဆေးပြား
ထုတ်လုပ်ရာမှာအသုံးပြုတဲ့ ဓါတုဆေးအမှုန့် ဆေးရည်တွေ ပါဝင်တယ်လို့ သိရပါတယ်။
0 comments:
Post a Comment