Sunday, September 02, 2012

ဘင်လာဒင်အိမ် စီးနင်းပုံ စာအုပ်ရေးသူကို ပင်တဂွန် တရားစွဲမည် – Author of book on bin Laden raid could face legal action

Posted by drmyochit Sunday, September 02, 2012, under | No comments


ဗွီအိုအေ (မြန်မာဌာန)



ဘင်လာဒင်၏ဘေးတွင် လက်သဲညှပ် ရှိကြောင်း ကွန်မန်ဒိုတဦးက ပြောနေဟန်ကို သောကြာနေ့ကထွက်ပေါ်လာသည့် ကာတွန်းတခုတွင် ရေးဆွဲသရော်ထားသည် (ကာတွန်း – Stephff)

အကြမ်းဖက်ခေါင်းဆောင် Osama bin Laden ကို နှိမ်နင်း သုတ်သင်တဲ့ စီးနင်းတိုက်ခိုက်မှု မှာ ကိုယ်တိုင်ကြုံခဲ့တဲ့ အတွေ့အကြုံကို ပြန်လည် ရေးသားခဲ့တဲ့ အမေရိကန် အထူးတပ်ဖွဲ့ဝင်ဟောင်း တယောက် ကို သူ့ရဲ့ လုပ်ရပ်ဟာ ဥပဒေနဲ့ဆန့်ကျင်နေတယ်လို့ Pentagon စစ်ဌာနချုပ်က သတိပေးလိုက်ပါတယ်။

ကြာသာပတေးနေ့က အဲဒီစာရေးသူကို ပေးတဲ့ စာမှာ အမေရိကန် ရေတပ်အထူးတပ်ဖွဲ့ ၀င် အနေနဲ့ သဘောတူလက်မှတ်ထိုးထားတဲ့ ဖော်ထုတ် တင်ပြခွင့်မရှိတဲ့ စည်းကမ်းကို ချိုးဖောက်ခဲ့တဲ့ လုပ်ရပ်ဖြစ်တယ်လို့ Pentagon စစ်ဌာနချုပ်ကဖော်ပြထားပါတယ်။
ဒီစာအုပ်ရေးသားမှုအတွက် စာရေးသူဟာပြစ်မှု စွဲဆိုခံရနိုင်စရာရှိပြီး အမေရိကန် ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေဖက်ကလဲ ခွင့်ပြု ချက်မပေးခဲ့ပါဘူး။
ခက်ခဲတဲ့နေ့တွေ (No easy days) လို့ နာမည်ပေးထားတဲ့ အဲဒီစာအုပ်ကို Mark Owen ဆိုတဲ့ နာမည် သုံးထားတဲ့ အသက် ၃၆ နှစ် အရွယ် ရေတပ်အထူးတပ်ဖွဲ့ဝင်က ရေးသားထားတာဖြစ်ပါတယ်။
မနှစ်တုံးက ပါကစ္စတန်မှာ လုပ်ခဲ့တဲ့ အထူးစစ်ဆင်ရေးရဲ့ တရားဝင်အချက်အလက်နဲ့ ကွဲပြားပြီး လက်နက်မပါတဲ့ အကြမ်းဖက်ခေါင်းဆောင် အိုဆာမာ ဘင်လာဒင်ကို အခန်းထဲဝင်တဲ့ လျောက်လမ်းပေါ်မှာ ပစ်ခတ်ခဲ့တယ်လို့ ကိုယ်တိုင် အတွေ့အကြုံအဖြစ် သူက ရေးသားထားတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်မေလက အထူးတပ်ဖွဲ့ဝင်တွေဟာ အကြမ်းဖက်ခေါင်းဆောင် Bin Laden ကို သူ့ရဲ့ လက်နက်ကို ယူဖို့ကြိုးစားနေတုံး ရင်ညွန့်နဲ့ ဘယ်မျက်လုံး အပေါ်နေရာတွေကို ပစ်ခတ်ခဲ့တယ်လို့ လက်ရှိ အစိုးရအဖွဲ့ ရဲ့ သိမ်းဆည်းထားတဲ့ အချက်အလက်တွေက ဖော်ပြထားတာဖြစ်ပါတယ်။
ကာတွန်းကို ကာတွန်းဆရာ၏ Facebook မှ ကူးယူ ဖော်ပြသည်။
http://www.facebook.com/stephff.tribalart

သတင်းကို ဗွီအိုအေ (မြန်မာဌာန) အွန်းလိုင်းမှ ကူးယူ ဖော်ပြသည်။
http://burmese.voanews.com/content/no-easy-day-released-by-dutton-shows-that-killed-bin-landen/1499557.html

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်