နိုင်ငံတော် အစိုးရသည် ယာဉ်အို ယာဉ်ဟောင်းများ ဖျက်သိမ်း၍ အစားထိုး တင်သွင်းခြင်း စီမံချက်ကို ၁၁-၉-၂ဝ၁၁ ရက်နေ့တွင် ပထမ အကြိမ် အဖြစ် နိုင်ငံပိုင် သတင်းစာများ၌ သတင်း ထုတ်ပြန် ကြေညာခဲ့ပြီး ဆောင်ရွက်လျက် ရှိပါသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ပထမအဆင့် အနေဖြင့် ၁၉-၉-၂ဝ၁၁ ရက်နေ့တွင်
မှတ်ပုံတင် သက်တမ်း အနှစ်(၄ဝ)ကျော် ''စ''၊ ''ဆ''၊ ''ဇ'' အက္ခရာကို လည်းကောင်း၊
ဒုတိယအဆင့် အနေဖြင့် ၈-၁၁-၂ဝ၁၁ ရက်နေ့တွင် အနှစ် (၃ဝ)ကျော်မှ အနှစ် (၄ဝ)အတွင်း
''ဈ''၊ ''ည''အက္ခရာကို လည်းကောင်း၊ တတိယအဆင့် အနေဖြင့် ၂-၁-၂ဝ၁၂ ရက်နေ့တွင်
အနှစ်(၂ဝ)ကျော်မှ အနှစ် (၃ဝ)အတွင်း ''ဏ''၊ ''ထ''၊ ''ဒ''၊ ''ဓ''၊ ''န''၊ ''ပ''
အက္ခရာယာဉ်များကို လည်းကောင်း စီမံချက်ဖြင့် ဆောင်ရွက် ပေးခဲ့ရာ ၂၂-၈-၂ဝ၁၂ ရက်နေ့ထိ
ယာဉ်အို ယာဉ်ဟောင်း အပ်နှံမှု စီးရေ ၆၁၈၅၂ စီးဖြစ်ပြီး၊ ယခု လက်ရှိတွင် ''ပ'' အက္ခရာ
ဆောင်ရွက် ပြီးစီးမှုမှာ ၈၁ ဒသမ ၃၉ ရာခိုင်နှုန်း ဖြစ်ပါသည်။ ထို့အပြင် လေလံ ပြန်လည်
မှတ်ပုံတင် ယာဉ်များ ဖြစ်သည့် Mazda B360 ၊Mazda B600၊ Familia ယာဉ်
စုစုပေါင်း ၁ဝ၅၄ စီ ကိုလည်း ၁၂-၇-၂ဝ၁၂ ရက်နေ့မှ စ၍ စီမံချက်တွင် ထည့်သွင်း အပ်နှံ
ဆောင်ရွက် ပေး လျက်ရှိရာ ၂၂-၈-၂ဝ၁၂ ရက်နေ့ထိ အပ်နှံမှု စီးရေ ၈၄ဝ စီးဖြစ်ပြီး
ဆောင်ရွက် ပြီးစီးမှုမှာ ၇၉ ဒသမ ၇ဝ ရာခိုင်နှုန်း ဖြစ်ပါသည်။
ယာဉ်အို ယာဉ်ဟောင်း အပ်နှံဖျက်သိမ်း၍ အစားထိုး တင်သွင်းခြင်း
ဒုတိယပိုင်း အဖြစ် ''ဗ'' အက္ခရာ ယာဉ်များ အပ်နှံ ဆောင်ရွက်ခြင်းကို ၅-၉-၂ဝ၁၂
ရက်နေ့မှ စ၍ ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန၊ ပြည်နယ်/တိုင်း ဒေသကြီး
ရုံးများတွင် လက်ခံ ဆောင်ရွက် သွားမည် ဖြစ်ပါသည်။
ရထားပို့ဆောင်ရေးဝန်ကြီးဌာန
0 comments:
Post a Comment