Monday, March 18, 2013

ရှမ်းမျိုးနွယ်စု လေးခုကိုပေါင်းစည်းပြီး ရှမ်းနီလူမျိုးအဖြစ် သတ်မှတ်

Posted by drmyochit Monday, March 18, 2013, under | No comments


တိုင်းလိုင် (တိုင်းလျန်)၊ တိုင်းနိုင်း ၊ ရှမ်းဗမာ၊ ရှမ်း ကလေး အစ ရှိတဲ့ အမည်နာ မတွေနဲ့ အမည် နာမ လေး မျိုး ကွဲပြားနေပြီး စစ်ကိုင်း တိုင်းနဲ့ ကချင်ပြည် နယ်မှာ နေထိုင် ကြတဲ့ ရှမ်းမျိုးနွယ်စု တွေရဲ့ အမည်ကို တစ်ပေါင်း တစ်စည်း ထဲဖြစ်ဖို့ ရည် ရွယ်ပြီး အဲဒီ မျိုးနွယ် စုတွေရဲ့ ကိုယ်စား ပြု နာမည် အဖြစ် ရှမ်းနီ လူမျိုး ဆိုတဲ့ အမည် နာမကို သတ်မှတ် လိုက်ကြ ပါတယ်။

မန္တလေးမြို့ တိုင်းလိုင် (ခေါ်) ရှမ်းနီ အမျိုး သားပါတီ ဌာနချုပ်မှာ မနေ့က ကျင်းပတဲ့ ရှမ်းနီ မျိုးနွယ်စု ပေါင်း စုံရဲ့ ကိုယ်စား လှယ်တွေ အပါဝင်၊ ပါတီပေါင်းစုံက ကိုယ်စားလှယ်တွေ၊ အစိုးရ ဌာနတွေက အဆင့်မြင့် အရာ ရှိတွေ ပါဝင်တဲ့ ဆွေးနွေး ပွဲမှာ ခုလို ဆုံးဖြတ် ခဲ့ကြ တာပါ။

ဒီဆွေးနွေး ပွဲမှာ ရှမ်းနီတိုင်းရင်း သားတွေဖြစ်တဲ့ ရထားပို့ဆောင်ရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဗိုလ်မှူး ကြီးစန်းအောင်၊ စစ်ကိုင်းတိုင်းဒေသကြီး ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ပြည်ခိုင်ဖြိုးပါတီက ဦးစန်းရွှေ၊ ကချင်ပြည်နယ် ရှမ်း တိုင်းရင်းသား ရေးရာဝန်ကြီး၊ ရှမ်းတိုင်းရင်းများ ဒီမိုကရက်တစ်ပါတီက ဒေါ်ခင်ပြုံး ရည်၊ အမျိုးသားလွှတ်တော် ကိုယ်စား လှယ်တွေဖြစ်တဲ့ ပြည်ခိုင်ဖြိုးပါတီဝင် ဦးစံပြည့်နဲ့ ဦးဖေသောင်း တို့အပါအဝင် ရှမ်းစာပေနဲ့ ယဉ်ကျေးမှုအဖွဲ့တွေက ကိုယ်စားလှယ် (၅၀) ကျော် တက်ရောက်ဆွေးနွေး ခဲ့ကြ တာဖြစ် ပါတယ်။ 

အမည် နာမကို တမျိုးထဲ သတ်မှတ် ခဲ့သလို တိုင်း ရင်းသား ဘာသာ စာပေ အဖြစ် လက်ရှိ အသုံးပြုနေတဲ့ ရှမ်းနီ စာပေကိုပဲ ဆက်လက် အသုံးပြု သွားမယ်လို့ သိရပါတယ်။

ရှမ်းနီ လူမျိုးတွေဟာ စစ်ကိုင်း တိုင်းေ ဒသကြီးနဲ့ ကချင်ပြည်နယ် အတွင်းမှာ (၂) သန်းကျော် အခြေချ နေထိုင် လျက်ရှိ တယ်လို့ သိရပါတယ်။

အဲဒီ ဆွေးနွေး ပွဲမှာ လူမျိုး နာမည်နဲ့ ရှမ်းနီ တိုင်းရင်းသား ဝတ်စုံ သတ် မှတ်ရေး ကို ဆွေးနွေး ခဲ့ကြပေမယ့် ပြေလည်မှု မရရှိ သေးဘူးလို့လည်း သိရပါတယ်။

RFA မြန်မာပိုင်း

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်