Monday, March 18, 2013

အောက်စဖို့ဒ် တက္ကသိုလ် ဆွေးနွေးပွဲတွင် ဒေါ်စုအား ပြင်းထန်စွာ ဝေဖန်လိုက်ကြ

Posted by drmyochit Monday, March 18, 2013, under | No comments

လက်ပံတောင်း အစီရင်ခံစာ ထွက်ပေါ် လာခဲ့ပြီး နောက်ပိုင်း ရက် အနည်း ငယ်သည် အတိုက် အခံ ခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည် အတွက် ခက်ခဲ၍ အရေးကြီးသော သီတင်းပတ် ဖြစ်သည်ဟု အချို့က ဆိုကြ သည်။

မီဒီ ယာများ၊ နိုင်ငံ တကာ အသိုင်း အဝိုင်းများ၊ ယခင်က ဒေါ်အောင် ဆန်းစုကြည် အား ထောက်ခံ ခဲ့သူများ သာ မက အမျိုးသား ဒီမို ကရေစီ အဖွဲ့ချုပ် ပါတီဝင်များ သည်ပင်လျှင် လက်ပံတောင်း ကြေးနီ စီမံကိန်းနှင့် ပတ်သတ်၍ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင် ခဲ့သော စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ ရပ်တည်ချက် အပေါ် ပြင်းထန်စွာ ဝေဖန် စရာများ ရှိခဲ့သည်။

ဒေါ်အောင် ဆန်းစုကြည် သည် သူ ငယ်ရွယ်စဉ်က ပညာ ဆည်းပူးခဲ့ဖူးသည့် အောက်စဖို့ဒ် တက္ကသိုလ်၌ ၂၀၁၂ ခုနှစ်၊ ဇွန်လ ၂၀ ရက်နေ့က မိန့်ခွန်း ပြောကြား ခဲ့ရာတွင် မြန်မာ နိုင်ငံ အနေဖြင့် အနာဂတ် အောင်မြင်နိုင် ရေး လမ်းခရီးကို ဖြတ်သန်း ရာတွင် လွယ်ကူလိမ့်မည် မဟုတ်ဟု ဆိုခဲ့ဖူးသည်။ 

ယခုအခါတွင်မူ ဒေါ်အောင်ဆန်းစုကြည် ပညာဆည်းပူးခဲ့သည့် ကျောင်းတော်ဟောင်း အောက်စဖို့ဒ် တက္က သိုလ်မှ ပညာရှင်များကလည်း လက်ပံတောင်း ကြေးနီ စီမံကိန်းနှင့် ပတ်သတ်၍ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့်ကော်မရှင်၏ ရပ်တည်ချက်အပေါ် ဝေဖန်လာကြသည်။ 

မတ်လ ၈ ရက်နေ့မှ ၁၀ ရက်နေ့ အထိ အောက်စဖို့ဒ် တက္ကသိုလ်တွင် ကျင်းပခဲ့သည့် ဒုတိယ အကြိမ်မြောက် အရှေ့တောင် အာရှ လေ့လာရေး ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံနှင့် ပတ်သတ်သည့် အကြောင်း အရာများက လွှမ်းမိုး ခဲ့သည်ဟု Oxford Student အစီရင်ခံစာ တစောင်က ဆိုသည်။   

မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်း လဲရေး အပေါ် အပြု သဘော ဆောင်သည့် မီဒီယာ ဖော်ပြမှုများ ရှိသော်လည်း
 မြန်မာနိုင်ငံ အတွင်း ဖွံ့ဖြိုး တိုးတက်မှုများနှင့် ပတ်သတ်၍ သံသယဖြင့်သာ ရှုမြင်သင့်ကာ စစ်မှန်သော အပြောင်း အလဲ ပေါ်ပေါက်ရေး အတွက် အခွင့်အလမ်း လွဲချော်နေဆဲ ဖြစ်သည်ဟု အရှေ့တောင်အာရှ သမိုင်း ဆိုင်ရာ ဂုဏ် ထူးဆောင် ပုဂ္ဂိုလ် Dr. Peter Carey က ပြောဆိုခဲ့သည်ဟု သတင်းများက ဆိုကြ သည်။ 

အစိုးရက ကချင်လက်နက်ကိုင် အဖွဲ့ကို တိုက်ခိုက်နေခဲ့သည့် ကိစ္စတွင် ဒေါ်အောင်ဆန်းစုကြည်က တောက်လျှောက် နှုတ်ဆိတ်နေခဲ့ခြင်းအပေါ် အထူးဝေဖန်ခဲ့ကြသည်ဟု Oxford Student အစီရင်ခံစာက ဆို သည်။ ထို့ပြင် လူ့အခွင့်အရေး ချိုးဖောက်မှု ကိစ္စရပ်များအပေါ် မဝေဖန်ခဲ့သောကြောင့် စိတ်ပိုင်းဆိုင်ရာ သြဇာညောင်း မှုကို ဆုံးရှုံးနေ သည်ဟုလည်း ဆိုခဲ့သည်။ 

“မျှော်လင့် ချက်တွေ ဟာ နည်းပါးနေပါတယ်။ နောက်ပြီး ဒေါ်စုဟာလည်း ပြောသင့်တာတွေကို ပြောဖို့လို အပ်ပါတယ်” ဟု Dr. Carey က ဆိုသည်။ 

မြန်မာနိုင်ငံ အတွင်း ပြုပြင်ပြောင်းလဲမှုများသည် အမှန်တကယ် သဘာဝကျကျ တိုးတက်နေခြင်း ရှိမရှိကို လည်းဆွေးနွေးပွဲ တက်ရောက်သူများကို Oxford Student အဖွဲ့က မေးခွန်း ထုတ်ခဲ့ သေးသည်။ Burma Campaign (UK) မှ အလုပ် အမှု ဆောင် ဒါရိုက်တာ Anna Robert က “ရည်ရွယ်ချက်တွေဟာ ဒီမိုကရေစီ နည်း ကျ ဦးတည် မောင်းနှင်ထားတာ မဟုတ်ပါဘူး” ဟု ဆိုခဲ့သည်။ 

ဒေါ်အောင် ဆန်းစုကြည် ၏ ကိုယ်တိုင် ဖိတ်ကြားချက် အရ ယခုလနှောင်းပိုင်းတွင် မြန်မာနိုင်ငံသို့ သီတင်း နှစ် ပတ်ကြာ သွားရောက်လည်ပတ်ရန် ရွေးချယ်ခြင်း ခံထားရသည့် အောက်စဖို့ဒ် ကျောင်းသား ကိုယ်စား လှယ် အဖွဲ့က ထိုဆွေးနွေး ပွဲကို ကျင်းပခဲ့ခြင်း ဖြစ်သည်။

မဇ္ဈိမသတင်းဌာန

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်