Monday, March 18, 2013

သံသယကြောင့် ဘင်္ဂလာဒေခ်ျ့ ရဲသား ၃ ဦးကို မြန်မာက ပြန်မလွှတ်

Posted by drmyochit Monday, March 18, 2013, under | No comments


ဖမ်းဆီး ခံထား ရသော ဘင်္ဂလာ ရဲသား ၃ ဦးနှင့် အရပ်သား တစ်ဦး တို့ လွှတ်မြောက်ရေး အတွက် မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ နှစ်နိုင်ငံ အကြား တပ်မှူး အဆင့် အလံတင် အ စည်း အဝေးကို ယမန်နေ့က ကျင်းပ ခဲ့သော်လည်း မြန်မာ ဘက်က ဖမ်းဆီး ထားသူ များကို  ပြန် မလွှတ် ဘဲ ဆက်လက် ထိန်းသိမ်း ထားဟု သတင်း ရရှိသည်။


Photo: အလံတင် အစည်းအဝေး တစ်ခုကို တွေ့ရစဉ်။

နှစ်နိုင်ငံ အလံတင် အစည်း အဝေးအား ယမန်နေ့ နံနက် ၁၁  နာရီမှ နေ့လည် တစ်နာရီခွဲ အချိန်ထိ မြန်မာ နယ်စပ် ဒက်ခူ ဘာနီယာ အရပ်တွင် ပြုလုပ်ခဲ့သော်လည်း ဖမ်းဆီးခံ ဘင်္ဂလာဒေခ်ျ့ နိုင်ငံသားများကို မြန်မာ ဘက်က လွှတ်ပေး ရန် သဘော မတူ ခဲ့ဟု ဆိုသည်။

မြန်မာ ဘက်က အဖမ်း ခံရသူ များနှင့် ပတ် သက်ပြီး သံ သယများ ရှိနေပြီး ဆက်လက် စစ်ဆေး စရာများ ရှိနေသေး သည်ဟု ဆိုကာ ယခု အစည်းအဝေးတွင် လွှတ်ပေးရန်မှာ မဖြစ်နိုင်ကြောင်း ပြောဆို ခဲ့သည်ဟု ဆို သည်။

ဘင်္ဂ လာဒေခ်ျ့ အရာရှိများမှ သူတို့ နိုင်ငံသား ၄ ဦးကို နောက် လာမည့် တပ်မှူး အဆင့် အလံတင် အစည်း အဝေးတွင် မြန်မာ ဘက်က လွှတ်ပေး လိမ့်မည်ဟု မျှော် လင့်ကြောင်း ပြောဆိုသည်။

သာမန် အရပ်သား အ၀တ်များကို ၀တ်ဆင်ထားသော ဘင်္ဂလာဒေခ်ျ့ ရဲသား ၃ ဦးနှင့် အရပ်သား တစ်ဦး တို့သည် မြန်မာနိုင်ငံ အထဲ ၀င်ရောက်ပြီး အရေးကြီးသော နေရာများ ဓါတ်ပုံရိုက်သဖြင့် မြန်မာ နယ်စပ် လုံခြုံရေး တပ်ဖွဲ့က လွန်ခဲ့သော ဗုဒ္ဓဟူးနေ့ ညနေပိုင်းက ဖမ်းဆီးခဲ့သည်။

နစက တပ်ဖွဲ့နှင့် နီးစပ်သူများ အပြော အရ သူတို့သည် နိုင်ငံခြား အဖွဲ့ အစည်း တစ်ခုမှ ငွေယူပြီး မြန် မာနိုင်ငံ ထဲသို့ ၀င်ရောက် ကာ ဓါတ် ပုံ ရိုက်ခြင်း ဖြစ်ကြောင်း စစ်ဆေးစဉ် ပြောဆို သည်ဟု ဆိုသည်။

ဖမ်းဆီး ခံရသူ ရဲတပ်သား သုံးဦးထဲတွင် တစ်ဦးမှာ ကော့တော့ ပလောင် မြန်မာ မွတ် ဆလင် ဒုက္ခသည် စခန်းတွင် တာဝန် ကျနေသူ ဖြစ်ပြီး နောက်နှစ် ဦးမှာ အိုကီး ယားမြို့ ရုပ်မြင်သံကြား ထပ်ဆင့် လွှင့်ရုံတွင် တာဝန် ကျနေ သူများ ဖြစ်သဖြင့် မြန်မာ အာဏာပိုင် များကို ပိုမို သံ သယနှင့် ရှုပ်ထွေး မူကို ဖြစ်စေ သည်ဟု ဆို သည်။

အလံ တင် အစည်း အဝေးတွင် ဘင်္ဂလာ ဒေခ်ျ့ အာဏာ ပိုင်များက သူတို့ နာမည် များနှင့် ဓါတ်ပုံ များကို မြန်မာ ဘက်သို့ ပေးခဲ့ သည်ဟု ဆိုသည်။

ယမန်နေ့က ပြုလုပ်ခဲ့သော အစည်းအဝေးသို့ ဘင်္ဂလာဒေခ်ျ့ဘက်မှ အမှတ် ၁၇ ဘီဂျီဘီ တပ်ရင်းမှူး ဒုဗိုလ် မှူးကြီး ခါလေ ကျူဇာမန် ဦးဆောင် သာ ကိုယ်စားလှယ် (၈) ဦးပါ အဖွဲ့ တက်ရောက်ပြီး မြန်မာ ဘက်မှ နစက ဒု ကွပ်ကဲ ရေးမှူး ဦးဆောင်သော (၈) ဦးပါ  ကိုယ်စားလှယ် အဖွဲ့ တက်ရောက်ခဲ့သည်ဟု ဆို သည်။

နိရဉ္စရာ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်