Monday, March 18, 2013

ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ မြန်မာ့ဂုဏ်ရောင် ရပ်ကွက် အတွင်းရှိ သိမ်းယူခဲ့သော လယ်ယာမြေများနှင့် ပတ်သက်၍ လယ်သိမ်းခံ ပြည်သူများမှ နိုင်ငံတော်နှင့် အဖွဲ့အစည်း များသို့ ရှင်းလင်းပွဲပြုလုပ်တောင်းဆို

Posted by drmyochit Monday, March 18, 2013, under | No comments


ရန်ကုန်၊ မတ် ၁၇။

ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ မြန်မာ့ ဂုဏ်ရောင် ရပ် ကွက် အတွင်းရှိ သိမ်းယူ ခဲ့သော လယ်ယာမြေ များနှင့် ပတ်သက်၍ လယ်သိမ်း ခံရသူ အိမ်ခြေ ၇၇၁ လုံးမှ ပြည်သူများမှ ဆုံးရှုံး နစ်နာ မှုများနှင့် ပတ် သက်ပြီး နိုင်ငံတော် တာဝန် ရှိသူ များနှင့် အဖွဲ့ အစည်း များသို့ ရှင်းလင်း ပွဲပြု လုပ် ခဲ့ကြောင်း သိရ သည်။

အဆိုပါ နေအိမ် များအား ၁၉၉၄ ခုနှစ်တွင် တပ်မတော်(ရေ)မှ စစ်တန်းလျား ဆောက်လုပ် မည်ဟု အကြောင်း ပြ ၍ ဝါဝါဝင်း ကုမ္ပဏီ မှ သိမ်းယူ ခဲ့ပြီး တန်ဖိုးမြင့် အိမ်ယာများ ဆောက် လုပ်ခဲ့ပြီး သိန်ထောင် ချီတန်ဖိုး ရှိ မြေယာများ ရောင်းချခဲ့သောကြောင့် မခံမရပ်နိုင်ဖြစ်ခဲ့ရခြင်း ဖြစ် ကြောင်း အသိမ်းခံရသော လယ်ယာမြေ များနှင့် ထိုက်တန်သော တန်ဖိုးများ ပြန်လည်ရရှိရန် ယခုကဲ့သို့ လုပ်ဆောင် ခဲ့ခြင်းဖြစ် ကြောင်း လယ်သိမ်း ခံရသူ တစ်ဦးက ပြောကြားသည်။

"အိမ်ခြေ ၇၇၁လုံး၊ လူဦးရေ လေးထောင်ကျော်အစား ကျွန်တော် ပြောမှာပါ၊ နှစ်ပေါင်း ၂၀ ကျော် နီးပါး ယခု အချိန်ထိ ဒုက္ခ ပင်လယ် ဝေခဲ့ရ တယ်"ဟု လယ်မြေ သိမ်း ဆည်းခံ လယ် သမားများ ကိုယ်စား ဦးတင် ထွဋ်က ပြောကြားသည်။

လမ်း ခရီး သွားလာရေး၊ လျှပ်စစ်မီး၊ စသည့် အခက်အခဲ မျိုးစုံကြုံတွေ့ ခဲ့ရကြောင်း၊ စစ်တပ် အတွက် သိမ်းဆည်း သည်ဆိုသဖြင့် အလွယ်တကူ ပေးအပ် ခဲ့ခြင်းဖြစ်ကြောင်း၊ သို့သော်လည်း ဝါဝါဝင်း ကုမ္ပဏီမှ တန်ဖိုးမြင့် အိမ်ယာ များဆောက်လုပ် ရောင်းချခဲ့မှုမှာ မဖြစ် သင့်ကြောင်းနှင့် ဝါဝါဝင်း ကုမ္ပဏီ၏ မတရား မှုအား ဖော်ထုတ် ပေးရန်၊ ကျန်ရှိ သောမြန်မာ့ ဂုဏ်ရောင်ရပ်ကွက် မြေပေါ်တွင် တဲပေါ်မှ တိုက်ပေါ်တင် စနစ် အရ နစ်နာသူ အိမ်ခြေ ၇၇၁လုံးအား တိုက်ခန်း တစ်ခန်းစီ ပြန်လည် အစားထိုးပေးရန်(သို့မဟုတ်) တိုက် ခန်း တစ်ခန်းနှင့် ညီမျှသော နစ်နာကြေး ပြန်လည် ပေးလျော်ရန် တောင်း ဆိုသွားခဲ့သည်။

ယင်းရှင်းလင်းပွဲကို ရန်ကုန်မြို့ တော်ဝင်နှင်းဆီ ခန်းမတွင်နေ့လည် ၁ နာရီ အချိန်ခန့်တွင် ကျင်းပပြု လုပ်ခဲ့ပြီး လယ်မြေ အသိမ်း ခံရသူ လယ် သမား များနှင့် မီဒီယာ အချို့ တက်ရောက် ခဲ့ကြသည်။

ဝေယံ
The Myanma Age

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်