Monday, March 18, 2013

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကြောင့် ရွှေ့ပြောင်းရမည့် ဒေသခံများအတွက် မြေလျော်ကြေးငွေအပြင် နေထိုင်မှုအတွက် တန်ဖိုးနည်းအိမ်ရာများကို မုံရွာမြို့အနီးတစ်ဝိုက် နေရာများတွင် စီစဉ်ပေးမည်ဟု မြန်မာ့စီးပွားရေး ဦးပိုင်နှင့် ဝမ်ပေါင်ကုမ္ပဏီ တာဝန်ရှိသူများ ပြောကြား

Posted by drmyochit Monday, March 18, 2013, under | No comments



ဒေါ်အောင် ဆန်းစုကြည် အား ဆည် တည်းရွာ ဘုန်းတော်ကြီး ကျောင်းဝင်း အတွင်း၌ ဒေသခံ များနှင့် အတူ မတ် ၁၄ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - ဟိန်းမင်းထက်(မုံရွာ))

လက်ပံ တောင်းတောင် ကြေးနီ စီမံကိန်းကြောင့် ရွှေ့ပြောင်း ရမည့် ဒေသခံ များအတွက် မြေလျော် ကြေးငွေ အပြင် နေထိုင်မှု အတွက် တန်ဖိုးနည်း အိမ်ရာ များကို မုံရွာမြို့ အနီး တစ်ဝိုက် နေရာ များတွင် စီစဉ်ပေး မည်ဟု မြန်မာ့ စီးပွားရေး ဦးပိုင် လီမိ တက်နှင့် မြန်မာ ၀မ်ပေါင် မိုင်းနင်းကော့ပါး ကုမ္ပဏီ လီမိတက် မှ တာဝန် ရှိသူ များက မတ် ၁၆ ရက်တွင် ပြောကြားခဲ့သည်။

လက်ပံ တောင်းတောင် ကြေးနီ သတ္တုတွင်း ဧရိယာ သည် ၇၈၆၇ဒ သ မ ၇၈ ဧက ရှိပြီး အဆိုပါ စီမံကိန်း ဧရိယာ အတွင်းရှိ ကျေးရွာလေး ရွာဖြစ်သော ၀က်မှေး၊ ကံတော၊ ဆည်တည်းနှင့် ဇီးတော ကျေးရွာ များမှ အိမ်ခြေ ၄၀၀ ကျော် ပြောင်းရွှေ့ ခဲ့ရကြောင်း သိရသည်။

စီမံကိန်း နယ်မြေတွင် သိမ်းဆည်း မြေဧရိယာ စုစုပေါင်း ၇၈၆၇ ဒသမ ၇၈ ဧကအနက် လယ်ယာ စိုက်ပျိုးမြေ ၅၀၅၇ ဧက ရှိကြောင်း၊ ဦးပိုင် မပေါက် သော်လည်း မြေလျော် ကြေးပေးပြီးသော ဧရိယာမှာ စိုက်ပျိုးမြေ ၁၇၂၇ ဧက အပါအ၀င် ၆၇၈၄ ဧက ရှိကြောင်း သိရှိ ရသည်။

မြန်မာ့ စီးပွားရေး ဦးပိုင် လီမိတက်မှ လက်ပံ တောင်းတောင် ကြေးနီ စီမံကိန်း တာဝန်ခံ ဦးမြင့်အောင်က "လက်ပံ တောင်းတောင် ကြေးနီ စီမံကိန်း စုံစမ်း စစ်ဆေးရေး ကော်မ ရှင်ရဲ့ အစီရင် ခံစာမှာ ဖော်ပြ အကြံပြု ထားတဲ့ မြေယာ လျော်ကြေး ကိစ္စတွေ၊ စိုက်ပျိုးမြေ ပြန်လည် ဖော်ထုတ်ရေး ကိစ္စတွေ၊ မြန်မာ့ စီးပွားရေး ဦးပိုင် လီမိတက်နဲ့ ၀မ်ပေါင် ကုမ္ပဏီ တို့ ချုပ်ဆို ထားတဲ့ စာချုပ်အား ပြန်လည် ပြင်ဆင် ချုပ်ဆို ရေး ကိစ္စတွေ၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကိစ္စတွေ၊ ဒေသခံ လူထုအတွက် အကျိုးကျေးဇူး ရရှိစေရေး အပြင် အလုပ်အကိုင် အခွင့်အလမ်းများ ဖော်ဆောင်ပေးရေး ကိစ္စတွေ စတဲ့ အကြံပြု ချက်တွေ ကို ၀န်ကြီးဌာနရဲ့ လုပ်ထုံး လုပ်နည်း များနဲ့ အညီ ဆောင်ရွက် သွားဖို့ ရှိပါ တယ်။

ရွှေ့ပြောင်းရမယ့် ကျေးရွာတွေ အတွက် လည်း နေရာတွေ စီစဉ်ပေး ဖို့အတွက် ရွာတွေဆောက် ထားပြီး သား ရှိပါ တယ်။ ရွာနှစ်နေရာ ဆောက် ထားပါတယ်။ စီမံကိန်း ဘတ်ဂျက်နဲ့ ဆောက်တာပါ။ ရေ၊ မီး အပြည့် အစုံ ပါပါတယ်။ အဲဒီ နေရာ တွေကို တချို့ပြောင်း ကုန်ကြပြီ။ နေရာက စီမံကိန်း ဧရိယာ အပြင်ဘက် သွားလာ ဆက် သွယ်ရေး ကောင်းတဲ့ နေရာ တွေမှာ ဖြစ်ပါတယ်" ဟု မတ် ၁၆ ရက်က ပြောကြားသည်။

မြန်မာ ၀မ်ပေါင် မိုင်းနင်း ကော့ပါး ကုမ္ပဏီ လီမိ တက်မှ Admin Manager  Mr.Dong Yun Fei က "ဒေသခံ ပြည်သူ လူထု များရဲ့ စီမံကိန်းနဲ့ ပတ် သက်တဲ့ လိုလား သည် များကို အချိန် မရွေး ဂရုတစိုက် နားထောင် ပေးမှာ ဖြစ်ပြီး ဒေသခံ များနဲ့ တွေ့ဆုံ ညှိနှိုင်း ဆွေးနွေး မှုတွေ လည်း ပြုလုပ် သွားမှာ ဖြစ်ပါ တယ်။ သတ္တုတွင်းစီမံကိန်း ပတ်ဝန်းကျင်ရှိ မိသားစုတွေရဲ့ လူမှုဘ၀ ပိုမိုကောင်းမွန်အောင် ကြိုးစားဖြည့် ဆည်းသွား ဖို့ ရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ ရွှေ့ပြောင်းရမယ့် ဒေသခံတွေအတွက် မုံရွာမြို့နဲ့ ငါးမိုင် လောက်ပဲ ကွာတဲ့ နေရာမှာ ရွာတွေ ဆောက် ထားတယ်။ အဲဒီရွာ တွေကို သီးသန့် မြေကွက် ဖော်ပြီး လုပ်ထား တာ ဖြစ်ပါတယ်။ ရွာထဲက အိမ်တွေကို A,B,C,D ဆိုပြီး အဆင့်တွေ ခွဲထားပါတယ်။ 

အရင် သူတို့ နေခဲ့တဲ့ အိမ်တွေက အရမ်းကောင်း ခဲ့ရင် A အဆင့် အိမ်တွေ ကို ပေးပါတယ်။ နည်းနည်း ညံ့ရင် B အဆင့်၊ ညံ့ရင် C အဆင့်၊ အရမ်း ညံ့ပြီး တဲသာ သာဖြစ်ရင် D အဆင့် ဆိုပြီး ပြန်ခွဲ ထားပါတယ်။ ရေမီး အပြည့် အစုံနဲ့ အိမ် ကောင်းတွေ ပြန်ဆောက် ပေးထား တာပါ။ အဲဒီ နေရာ တွေကို တချို့လည်း ပြောင်း ကုန်ပါပြီ။ ကျန်သေး တာတွေ လည်း ရှိပါ တယ်။ လိုအပ် ရင်လည်း အိမ်တွေ ထပ်ဆောက်ပြီး နေရာချ ထားပေး ဖို့ ရှိပါတယ်" ဟု ပြော ကြားသည်။

ဝက်မှေး ကျေးရွာမှ မသွဲ့သွဲ့ဝင်းက "ကျွန်မ အနေနဲ့ ကတော့ နှစ်ကာ လပေါင်း များစွာ နေလာပြီး သစ်ကြီး ၀ါးကြီး တွေရှိတဲ့ မူလဒေ သမှာပဲ နေလို ပါတယ်။ နောက် တစ်ချက်က လက်ရှိ နေတဲ့ရွာမှာ လယ်ယာမြေ တွေ ရှိတယ်။ ဟိုမှာက မရှိနိုင်ဘူး။ အခုပြောင်း ရမယ့် ရွာတွေက ကျွန် မတို့ လက်ရှိ နေတဲ့ ရွာနဲ့ နှစ်မိုင်၊ သုံးမိုင် လောက် ဝေးတယ်။ အဲဒီ ရွာသစ် တွေမှာ လုပ်ကိုင် စားသောက်ဖို့ လယ်ယာ မြေတွေ မရှိရင် ဘယ်လို မှ အဆင် မပြေနိုင် ပါဘူး။ နေ့တိုင်း လယ်မြေ တွေရှိတဲ့ မူလ နေထိုင်တဲ့ ရွာတွေ ကိုပြန် လာပြီး ထွန်ယက် စိုက်ပျိုး ဖို့ဆိုတာ မဖြစ်နိုင် ပါဘူး။ အများကြီး လိုအပ်ချက်တွေ ရှိပါတယ်" ဟု ပြောကြားသည်။

ဒေါ်အောင်ဆန်း စုကြည်၏ လက်ပံတောင်း ကြေးနီ စီမံကိန်း ဆိုင်ရာ စုံစမ်း စစ်ဆေးရေး ကော်မရှင် အစီရင် ခံစာတွင် လက်ပံ တောင်းတောင် ကြေးနီ စီမံကိန်း သတ္တုတွင်း နယ်မြေ တွင် ဖြစ်ပွား ခဲ့သော လူမှုဝန်း ကျင် ပြဿနာ များသည် မြေယာသိမ်းဆည်းမှုနှင့် ပြောင်းရွှေ့နေရာချထားမှု အပေါ်တွင် အဓိက အားဖြင့် အခြေပြု ခဲ့သည်ဟု သုံးသပ်ရကြောင်း၊ သတ္တု တူးဖော် ထုတ်လုပ်ရန် အတွက် မြေလို အပ်ချက် အား စနစ် တကျ သိရှိနား လည်စေ မှုနှင့် အဆိုပါ လုပ်ငန်း များကြောင့် နိုင်ငံတော်နှင့် သက်ဆိုင်ရာ အရပ်ဒေသ အတွက် အကျိုးကျေးဇူး ရှိနိုင်ပုံများအား သိသာသော အထောက်အထား၊ အချက်အလက်များ ပြသမှု၊ ထိုက် တန်သော ပေးလျော်မှု၊ အစားထိုး တည်ဆောက်ပေးမှု လိုအပ်သည်ဟု အကြံပြုကြောင်း ဖော်ပြထား သည်။

From : ..eleven

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်