Monday, March 18, 2013

ရေလောင်းအိမ်သာခန်းအတွင်း အမျိုးသမီးတစ်ဦး မိမိကိုယ်ကို ဓါတ်ဆီလောင်း၍မီးရှို့သေဆုံး

Posted by drmyochit Monday, March 18, 2013, under | No comments


နေပြည်တော်၊ မတ် ၁၈

၁၇-၃-၂၀၁၃ ရက်နေ့ ၀၀၃၅ အချိန် နေပြည်တော်၊ ဇမ္ဗူ သီရိမြို့နယ်၊ သုခ သိဒ္ဓိ ရပ်ကွက်။ တိုက် အမှတ် (၄၃၁၇)၊ အခန်း အမှတ်(၂၃)တွင် မီးလောင် မှု ဖြစ်ပွားကြောင်း သတင်းအရ နေပြည် တော် အမှတ်(၉) ရဲစခန်း မှ တပ်ဖွဲ့ဝင်များ သွား ရောက် စစ်ဆေးရာ သတင်းနှင့် နည်းပညာ ၀န်ကြီး ဌာန၊ ဗဟိုစာ တိုက်ကြီးမှ ဦးကျော်စွာ မင်း၏ ဇနီးဖြစ် သူ ဒေါ်ခင်သန်းထွေး(၃၃)နှစ်အား နေအိမ် တိုက်ခန်း အိမ်သာအတွင်း မီးလောင် ဒဏ် ရာများဖြင့် သေဆုံးနေ သည်ကို တွေ့ရှိရပြီး  ၎င်း၏ ခင်ပွန်းဖြစ် သူ ဦးကျော်စွာမင်မှာ ဇနီးသည် မီးလောင်နေ သည်ကို ငြိမ်းသတ်စဉ် ၀ဲ/ယာ လက်တို့တွင် မီးလောင် ဒဏ်ရာ များရရှိခဲ့သဖြင့် နေပြည်တော် ခုတင် (၁၀၀၀) ဆေးရုံ သို့ ပို့အပ်ခဲ့ပြီး နေပြည်တော် အမှတ်(၉) ရဲစခန်း သေမှုသေခင်း အမှတ်စဉ် (၁/၂၀၁၃) ဖြင့် အမှုဖွင့် စစ်ဆေး ခဲ့သည်။

စစ်ဆေးချက်အရ ဦးကျော်စွာမင်း၏ ဖနီးဖြစ်သူ ခေါ်ခင်သန်းထွေးမှာ နေအိမ်၌ ဈေးဆိုင်/ လက်လီ ဖွင့်လှစ် ရောင်းချပြီး ငွေကြေးလိုအပ်နေသဖြင့် လွန်ခဲ့သော တစ်ပတ်ခန့်က ငွေကျပ်(၆၅၀၀၀၀ိ/-)အား ပြင်ပမှ ချေးယူ ပေးခဲ့ကြောင်း၊ ရုံးသုံး ဆိုင်ကယ်အတွက် ရေလောင်းအိမ်သာခန်း အတွင်းတွင် ဓါတ်ဆီ ရေသန့်ဗူး ၂ ဗူး ထည့် ထားကြောင်း၊ အခင်းဖြစ်နေ့ ၂၂၃၀ အချိန်တွင် ရေလောင်းအိမ်သာခန်း အတွင်းမှ အသံများ ကြားရ သဖြင့် တံခါးအား ဆောင့်ဖွင့်ရာ မီးတောက်များ အခန်း အပြင်သို့ ထွက်လာပြီး ၎င်း၏ လည်ပင်း၊ ရင် ဘတ်၊ ယာဘက် ခြေထောက်နှင့် လက်နှစ်ဘက်တို့တွင် မီးလောင် ဒဏ်ရာများ ရရှိခဲ့ကြောင်း၊ ၎င်း၏ အော် ဟစ် အကူ အညီ တောင်းခံမှုကြောင့် မျက်နှာချင်းဆိုင် အခန်းနေ ဦးချိုနိုင် (၄၆)နှစ်မှ အခန်း တံခါး ဖွင့်ခိုင်း သဖြင့် အခန်း တံခါးဖွင့်ပေးစဉ် နေအိမ် တိုက်ခန်း နေထိုင်သူများမှ မီူသတ် ဆေးဗူးများဖြင့်ရောက်ရှိလာပြီး ၀ိုင်း ၀န်း မီးငြှိမ်းသတ်သဖြင့် မီးငြိမ်းသွားခဲ့ပြီး ခေါ်ခင်သန်းထွေးမှာ ရေလောင်းအိမ်သာခန်း အနောက်ဘက် နံရံတွင် ခေါင်းမှီ၍ မီးလောင် သေဆုံးနေကြောင်း တွေ့ရှိရသဖြင့် တိုက်အုပ်ဖြစ်သူ ဦးမင်းသန်းနိုင်မှ အမှတ် (၉) ရဲစ ခန်းသို့ တယ်လီဖုန်းဖြင့် အကြောင်းကြားခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။ 

ထို့ပြင် သေဆုံးသူ ခေါ်ခင်သန်းထွေးမှာ ပျဉ်းမနားမြို့၊ ကျောက်တော် ရပ်ကွက် ဇာတိ ဖြစ်ပြီး ၎င်း၏ ခင်ပွန်းဖြစ်သူ ဦးကျော်စွာမင်းမှာ ပျဉ်းမနားမြို့၊ ရန်အောင် (၂) ရပ်ကွက်နေသူ ဖြစ်ကြောင်း၊ ၎င်းတို့တွင် အသက် (၅)နှစ် အရွယ်ခန့် သားတစ်ဦး ရှိကြောင်း၊ ၎င်းတို့ လင်မယား ရန်ဖြစ်သည်ကို တွေ့မြင် ကြားသိ ခဲ့ရခြင်း မရှိကြောင်း ပတ်ဝန်းကျင် သက်သေများ၏ ပြောပြချက်အရ သိရှိရပြီး မှုခင်း ဆရာဝန်ကြီး၏ ရင်ခွဲ စစ်ဆေး ချက်အရ သေဆုံးသူ ခေါ်ခင်သန်းထွေးတွင် မီးလောင် ဒဏ်ရာမှအပ အခြား ဒဏ်ရာများ တွေ့ရှိ ရခြင်း မရှိကြောင်း နှင့်မသေဆုံးမီ အသက် ရှူလမ်းကြောင်း မှ တဆင့် အဆုတ်ထဲသို့ မီးခိုးငွေ့များ ၀င်ရောက်ပြီး သေ ဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

ရဲဇာနည် 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်