Monday, March 18, 2013

ကော်လိုရာဒို ကျောင်းသူ Intel ကုမ္ပဏီပထမဆု ဒေါ်လာ ၁ သိန်းရရှိ

Posted by drmyochit Monday, March 18, 2013, under | No comments



ကော်လို ရာဒိုမှ အထက် တန်းကျောင်းသူ တစ်ယောက်သည် Intel ကုမ္ပဏီမှ ပေးအပ် သည့် သိပ္ပံ ရည်ချွန် ဆု အဖြစ် ဒေါ်လာ ၁ သိန်း ရရှိ သွားကြောင်း သတင်း ရရှိသည်။ အသက် ၁၇ နှစ် အရွယ်ရှိ ဆာရာ ဗို့ဇ်ဆို သည့် ကျောင်းသူသည် ကော်လိုရာဒို စပရင်းအထက်ကျောင်းမှ ကျောင်းသူတစ်ဦးဖြစ်ပြီး ရေညှိပင်များမှ ဆီထုတ် ယူနိုင်ရေးကို အထူးပြုစမ်းသပ်နေသူဖြစ်သည်။ ရေညှိဆီကို လောင်စာဆီအသွင်ပြောင်းကာ ယာဉ်များ တွင် အသုံးပြုပြီး ဈေးနှုန်းသက်သာစေရန် တီထွင်နိုင်ခဲ့သူဖြစ်သောကြောင့် ထိုဆုကို ရရှိ ခဲ့ခြင်းဖြစ် သည်။

ဆာရာသည် ထိုစမ်းသပ်မှုကို နှစ်ပေါင်းများစွာကြာအောင် သုတေသနပြုနေပြီး ပရောဂျက်အောင်မြင်ရေး အ တွက် စိတ်ဖိစီးမှုများစွာ ခံခဲ့ရကြောင်း၊ သိပ္ပံပညာနှင့်ပတ်သက်ပြီး လေ့လာခဲ့ရရုံမျှမက နယ်ပယ်ပေါင်းစုံ အတွက် ပါကြို တင်ပြင် ဆင် ခဲ့ကြောင်း သင်္ချာ ပါမောက္ခ ဒေးဗစ် မာကာကပြောကြားသည်။

ဒုတိယဆုအဖြစ် ဒေါ်လာ ၇၅၀၀၀ ကို အသက် ၁၇ နှစ် အရွယ် ဂျိုနာ ကယ်လန်ဘက်ခ်ျက ရရှိခဲ့သည်။ သူသည် အမ်ဘလာကျောင်း မှဖြစ်ပြီး ပရိုတိန်းတို့၏လက္ခဏာများအကြောင်းကို လေ့လာသုတေသနပြု နေ သူဖြစ် သည်။ သူသည် ပုံမှန် မဟုတ်သည့် မော်လီကျူး ပုံစံများ တည်ဆောက် မှုကို သုတေ သနပြုကာ လေ့ လာ တင်ပြနေ သူလည်းဖြစ်သည်။ သူ့လေ့လာတွေ့ရှိချက်ကြောင့် ရင်သားကင်ဆာ၊ သားအိမ် ကင် ဆာနှင့် တီဘီ ရောဂါများကုသရေးအတွက် ဆေးများထွက်ပေါ်လာနိုင်ဖွယ်ရှိသည်။

နောက်တစ်ဦးမှာ အသက် ၁၇ နှစ်အရွယ်ရှိ ဘရန့်ဝုဒ်ကျောင်းမှ အဒမ် ဘိုးမင်းဖြစ်သည်။ သူသည် တတိ ယဆု အဖြစ် ဒေါ်လာ ၅၀၀၀၀ ရရှိမည်ဖြစ်သည်။ သူသည် ပလာစမာခေါ် အိုင်ယွန်းဓာတ်ငွေ့ကို ဖန်တီးပြီး ဆုရရှိသွား သူဖြစ်သည်။ လျှပ်ကူးပြားများ ထုတ်လုပ်ရာတွင် အထောက် အကူပြုမည့် နည်း ပညာဖြစ်
 သောကြောင့် ဤဆုကို ပေးရခြင်းဖြစ်သည်ဟုဆိုသည်။ လက်ရှိ ပလာစမာများသည် ဈေးကြီးပြီး ထုတ်လုပ် ရာတွင် လည်း အကန့် အသတ်ရှိသည်။ ဘိုးမင်းသည် ထိုပလာစမာများကို အိမ်ရှိ ကားဂိုဒေါင်အတွင်း၌ တီထွင် ခဲ့ခြင်းဖြစ်ပြီး ငွေကုန် သက်သာစွာဖြင့် ထုတ်လုပ်နိုင်မည့်လမ်းစကို ဖော်ဆောင်နိုင် သူဖြစ်သော ကြောင့် ဤဆုကို ရရှိခဲ့ခြင်းဖြစ်သည်။

ယခုနှစ်ပေးသည့်ဆုသည် အမျိုးအစားပေါင်း ၁၇၀၀ ကျော်ဝင်ပြိုင်သည့်အနက်မှ ရွေးချယ်ပေး အပ် ခဲ့ခြင်းဖြစ် ပြီး နိုင်ငံအတွင်း ကျောင်းသားများကိုပေးအပ်သည့်ဆုများအနက် အမြင့်ဆုံးဆုလည်းဖြစ်သည်။ ထိုဆုရွေး ချယ်ရေး တွင်ပါဝင်ခဲ့သူ ကျောင်းသားများအနက်မှ ၇ ဦးသည် နိုဗယ်ဆုရဖူးပြီး၊ ၁၁ ဦးမှာ မက်အာ သာဆု "ပါရမီရှင်ဆု" ကိုရရှိခဲ့ဖူး ကြောင်းသိရသည်။ 

 မောက္ခနိုင်ငံတကာသတင်း

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်