Monday, March 18, 2013

နိုင်ငံကို ရန်စမှုများအား ကာကွယ်ရန် အာဘေးက တိုက်တွန်း

Posted by drmyochit Monday, March 18, 2013, under | No comments



အာဘေး (ရှေ့တန်းဝဲ)နှင့် LDP ပါတီအဖွဲ့ဝင်များကို မတ် ၁၇ ရက်က ပါတီကွန်ဗင်းရှင်းတွင် တွေ့ရစဉ် (Photo - AFP)

တရုတ်နှင့် ကျွန်းစု ပိုင်နက် အတွက် တင်းမာ မှုမြင့် တက်နေ ချိန်တွင် နိုင်ငံကို ရန်စမှု များအား ကာကွယ် စောင့်ရှောက် ရန် ဂျပန် ၀န်ကြီးချုပ် ရှင်ဇို အာဘေးက မတ် ၁၇ ရက်တွင် ဂျပန်အမျိုးသား ကာကွယ်ရေး အကယ် ဒမီ၌ ပြုလုပ်ခဲ့သော ဘွဲ့နှင်းသဘင် အခမ်း အနားတွင် ဘွဲ့ရ ကျောင်းသား များကို တိုက်တွန်း ခဲ့သည်။

ယင်း ဘွဲ့ရ ကျောင်းသား များသည် လွန်ခဲ့သော လေးနှစ်ခန့်က ကျောင်းစ တက်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံ လုံခြုံရေး အခြေအနေမှာ လွန်ခဲ့သော လေးနှစ်က အခြေအနေနှင့် မတူတော့ဘဲ မိမိတို့၏မြေပြင်၊ ရေပြင်၊ ဝေဟင်ပိုင်နက် များအပေါ် ခြိမ်းခြောက်သည့် ရန်စမှုများ ဆက်တိုက်ဖြစ်ပေါ်နေကြောင်း မြို့တော်တိုကျို အပြင် ဘက်ရှိ ယူကိုတူကာအကယ်ဒမီတွင် အာဘေးက ပြောကြားခဲ့ခြင်းဖြစ်သည်။ လတ်တလော ဖြစ်ပေါ်နေ မှုများမှာ သင်တို့အတွက် လက်ခံရခက်ခဲသော အမှန်တရားနှင့် အကျပ် အတည်း တစ်ခု ဖြစ်ကြောင်း အာဘေးက မိန့်ခွန်း တွင် ပြောကြားခဲ့သည်။

တရုတ် ရေတပ် ထောက်လှမ်းရေး သင်္ဘော သုံးစင်းကို အရှေ့ တရုတ် ပင်လယ်ရှိ ကျွန်းတစ် ခုဖြစ်သော ကူဘာဂျီမာ ကျွန်း အလွန် ၂၅ မိုင် အကွာ ခန့်တွင် မတ် ၁၇ ရက် နံနက်ပိုင်းက ထောက်လှမ်းတွေ့ ရှိ ခဲ့ကြောင်း ဂျပန်က ထုတ်ပြန်  ခဲ့သည်။

အာဘေး၏ လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ (LDP) က ဂျပန်သည် ကိုယ့်ကိုယ်ကို ခုခံကာကွယ်ခွင့်နှင့် အရည် အသွေး ပြည့် ၀သော စစ်တပ် ဖွဲ့စည်းနိုင်ရေး အတွက် စစ်ပြီးခေတ် ရေးဆွဲ ထားသည့် ငြိမ်းချမ်းရေး အခြေပြု ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်နိုင်ရေးအတွက် အရှိန်မြှင့် လုပ်ဆောင် သွားမည် ဟု ကတိပြု ခဲ့ သည်။

Ref:AFP

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်