Monday, March 18, 2013

မာလာလာက သူမလှုပ်ရှားမှုများကို ဆက်လုပ်ရန် အဓိဋ္ဌာန်ပြု

Posted by drmyochit Monday, March 18, 2013, under | No comments



ပါကစ္စ တန်နိုင်ငံမှ တာလီဘန်တို့၏ သေနတ်ဖြင့် ပစ်ခတ်ခြင်းခံရသော အမျိုးသမီးများအတွက် ပညာရေး လှုပ်ရှား သူ မာလာ လာသည် အမျိုး သမီးများ အတွက် ပညာရေး တိုက်ပွဲကို ဆက်လက် လုပ်ဆောင် သွား မည် ဖြစ်ကြောင်း ဗီဒီ ယိုမှ တစ်ဆင့် ပြောကြားခဲ့သည်။

သူမ အနေဖြင့် သေလုနီးပါး တိုက်ခိုက်ခြင်းခံရသော်လည်း ဇွဲလျှော့မည်မဟုတ်ဘဲ ဆက်လက် တိုက်ပွဲ ဝင်သွား မည်ဟုဆိုသည်။ ဘယ်မျက်နှာ တစ်ခြမ်းသည် သေနတ် ဒဏ်ရာကြောင့် ရွဲ့ သွားသော်လည်း မာလာလာ သည် ပီသသည် အသံ များဖြင့် ရှင်းလင်းပြောကြား သွားသည်။

အသက် ၁၅ နှစ်ရှိပြီဖြစ်သော မာလာလာက "ကျွန်မ ကျန်းမာရေး အခြေ အနေ ကောင်းလာ ပါပြီ။ ကျွန်မ အလုပ်တွေ ဆက်လုပ်သွားမှာပါ။ ပြည်သူတွေအတွက်၊ အမျိုးသမီးတွေအတွက်၊ ကလေးတွေအတွက် ပညာရေး ကို ဆက်လုပ်သွားမယ်။ ဒီလိုလုပ်နိုင်ဖို့ ကျွန်မတို့ ရန်ပုံငွေတွေ အများကြီးရှာရဦးမယ်" ဟုပြော သည်။

ပြီးခဲ့သည့်နှစ် အောက်တို ဘာလ ၉ ရက်နေ့တွင် မာလာလာအား တာလီဘန်တို့က သေနတ်ဖြင့် ခေါင်းကို ပစ်ခတ် ခံရပြီးနောက် တစ်ကမ္ဘာလုံး၏ အာရုံစိုက်ခြင်းကို ခံလာရသည်။ မာလာလာသည် အမျိုးသမီးများ ပညာရေးနှင့် အနောက်တိုင်းအတွေးအခေါ်များ ပြန့်ပွားရေးကို ဆောင်ရွက်နေသည်ဟု အကြောင်းပြကာ တာလီ ဘန်တို့က လုပ်ကြံသတ်ဖြတ်ခဲ့သော်လည်း အသက်မသေခဲ့သူဖြစ်သည်။ သူမ၏ စွမ်းဆောင် ချက်ကြောင့် ၂၀၁၂ ခုနှစ်တွင် နာမည်ကျော် တိုင်းမ်မဂ္ဂဇင်းကြီးက "Person of the Year" ဆုပေးရန် လျာထား သတ်မှတ် ခြင်း ခံခဲ့ရသည်။ 

မောက္ခနိုင်ငံတကာသတင်း

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်