Monday, March 18, 2013

ကေအိုင်အိုနယ်မြေ တက္က သိုလ် ဝင်တန်း စာမေးပွဲ ဧပြီလမှသာ ဖြေမည်

Posted by drmyochit Monday, March 18, 2013, under | No comments


မြန်မာ တစ်နိုင် ငံလုံး တက္ကသိုလ် ဝင်တန်း စာမေးပွဲ ဖြေဆို နေပြီ ဖြစ်သော်လည်း လက်နက်ကိုင် ပဋိပက္ခ များကြောင့် ကေအိုင်အို ထိန်းချုပ် နယ်မြေ အတွင်း တွင် ဧပြီ ၁ ရက်နေ့မှ ၈ ရက်နေ့ထိ ဖြေ ဆို မည်ဖြစ် ကြောင်း ကေ အိုင်အို ပညာရေး ဌာန ဒုတိယ တာဝန်ခံ ဦးခွန်းအောင် က ပြောကြားသည်။ “မေးခွန်းတွေ ကို ကေအိုင် အို ပညာရေး ဌာနက ဘာသာ ရပ် အ လိုက် ရေးဆွဲ ထားပါတယ်” ဟု ၎င်းက ဆိုသည်။

ကေအိုင်အို ပညာရေး ဌာန၏ စာစစ်ဌာန သုံးခု ရှိပြီး လိုင်ဇာ စာစစ် ဌာနတွင် ၁၃၄ ဦး၊ မိုင်ဂျာယန် စာစစ် ဌာနတွင် ၁၁၁ ဦးနှင့် အင်ဂွမ်းလ စာစစ် ဌာနတွင် ၂၅ ဦး စုစုပေါင်း ၂၇၀ ဦး ရှိကြောင်း ယင်းဌာန၏ စာရင်းများ အရ သိရသည်။ တပ်မတော်နှင့် ကေအိုင်အေ တို့ တိုက်ပွဲ စတင် ဖြစ်ပွား ခဲ့သည့် ၂၀၁၁-၂၀၁၂ ပညာ သင်နှစ် တွင်လည်း ကေအိုင်အို ပညာရေး ဌာနက ရေးဆွဲ သည့် မေးခွန်း အတိုင်း တက္ကသိုလ် ဝင်တန်း ကျောင်းသားကျောင်း သူပေါင်း ၂၆၀ ဦး ဖြေဆိုခဲ့သည်။ ယင်းတက္ကသိုလ် ဝင်တန်း ဖြေ ဆိုအောင်မြင် သူ များသည် ကေအိုင်အို ပညာရေးဌာနမှ ဖွင့်လှစ်သော သင်တန်းများအပြင် တရုတ်ပြည်သူ့ သမ္မ တနိုင်ငံ ကူမင်းမြို့ရှိ တက္ကသိုလ်နှင့် ထိုင်းနိုင်ငံရှိ တက္ကသိုလ်များတွင် ဖွင့်လှစ်သော သင်တန်းများကို တက်ရောက် နိုင်ရန် ဆောင်ရွက် ပေးမည် ဖြစ်ကြောင်း ဦးခွန်းအောင်က ပြောကြားသည်။

 ကေအိုင် အို ထိန်းချုပ် နယ်မြေ အတွင်းရှိ ကျောင်းသူ ကျောင်းသား များသည် ၁၉၉၄ ခုနှစ်မှ စတင်ကာ ၂၀၁၁ ခုနှစ် အထိ အစိုးရ၏ အခြေခံ ပညာ အထက် တန်းကျောင်း များတွင် သွားရောက် ဖြေဆိုခဲ့သော် လည်း တိုက်ပွဲ ဖြစ်ပွားပြီးနောက် သွားရောက် ဖြေဆိုရန် အဆင် မပြေသော ကြောင့် ကေအိုင်အို နယ်မြေ အတွင်း၌ သာ စာမေးပွဲ စစ်ဆေးခြင်း ဖြစ်ကြောင်း ၂၀၁၃ ခုနှစ် မတ်လ ၁၈ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထား ပါသည်။ 

From:ခေတ်လူငယ်

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်