Wednesday, August 07, 2013

ကွန်ပျူတာစနစ်ချို့ယွင်းမှုကြောင့် ကမ္ဘာတစ်ဝန်း လေကြောင်းခရီးစဉ်များ နှောင့်နှေးခဲ့

Posted by drmyochit Wednesday, August 07, 2013, under | No comments

ကမ္ဘာတစ်ဝန်း လေကြောင်းလိုင်းများတွင် ချိတ်ဆက်အသုံးပြုလျက်ရှိသည့် Sabre လေကြောင်းလိုင်း လုပ်ငန်း သုံး ကွန်ပျူတာစနစ် ချို့ယွင်းမှုဖြစ်ပေါ်ခဲ့သဖြင့် ကမ္ဘာတစ်ဝန်း လေကြောင်းခရီးစဉ် နှောင့်နှေး ကြန့်ကြာ မှုများ ကြုံတွေ့ခဲ့ရသည်။ Sabre လေကြောင်းလိုင်းစနစ်မှာ အင်္ဂါနေ့ နံနက်ပိုင်းက ရပ်ဆိုင်း သွား ခဲ့ခြင်းဖြစ် သည်။ Sabre က ကွန်ပျူတာစနစ် ချို့ယွင်းမှုဖြစ်ကြောင်း အတည်ပြုခဲ့ပြီး ၎င်းတို့၏ ပညာရှင် များက အခြေအနေကို ပုံမှန်ပြန်ဖြစ်ရန် ဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန် ပြောကြား ခဲ့သည်။



၂ နာရီကြာ ချို့ယွင်းမှုဖြစ်ပေါ်ခဲ့ပြီးနောက် Sabre လေကြောင်းလိုင်းသုံး ကွန်ပျူတာစနစ်ကို ပြန်လည် ချိတ်ဆက် အသုံးပြုနိုင်ပြီ ဟု ကုမ္ပဏီက ကြေညာသည်။ Sabre ၏ လေကြောင်းလိုင်းလုပ်ငန်းသုံး ကွန်ပျူတာ စနစ်ကို ကမ္ဘာတစ်ဝန်း လေကြောင်းလိုင်း အများအပြားက သုံးစွဲလျက်ရှိသည်။ ယခုဖြစ်ပေါ် ခဲ့သော ကွန်ပျူတာစနစ် ချို့ယွင်းမှုကြောင့် Alaska Airlines, American, Cathay Pacific, Frontier, Jet Blue, LAN, Quantas, United, Virgin America နှင့် Virgin Australia လေကြောင်းလိုင်းတို့၏ ခရီးစဉ် များ နှောင့်နှေးကြန့်ကြာမှု ကြုံခဲ့ရသည်။

From: Planet Myanmar Network

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်