Wednesday, August 07, 2013

ပုသိမ် ကန်သာယာဥယျာဉ် အနီး ပြည့်တန်ဆာများ ဖမ်း

Posted by drmyochit Wednesday, August 07, 2013, under | No comments


ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့၏ အထင်ကရ နေရာ တစ်ခုဖြစ်သော ကန်သာယာ ပန်းဥယျာဉ် (ကန် သုံး ဆင့်) အနီး လှည့်လည် သွားလာနေသည့် ပြည့်တန်ဆာများကို သြဂုတ်လ ၁ ရက်နေ့က ဖမ်းဆီး ခဲ့ကြောင်း အမှတ် (၂) ရဲတပ်ဖွဲ့ စခန်းထံမှ သိရသည်။

အဆိုပါ ဥယျာဉ်အနီး သွားလာနေသည့် ပြည့်တန်ဆာများကို ယင်းနေ့ မွန်းလွဲ ၃ နာရီခန့်က မိတ္တူကူး ယူထား သည့် ငွေစက္ကူကို အသုံးပြုစေသည့် အသွင်ယူ သက်သေနှစ်ဦး စေလွှတ်၍ ဖမ်းဆီးခဲ့ရာ ယင်း လုပ်ငန်း လုပ်ကိုင်သူ အမျိုးသမီး နှစ်ဦးကို ဖမ်းဆီး ရမိသည့်အတွက် (ပ) ၁၁၄/၂၀၁၃ နှင့် (ပ) ၁၁၅/၂၀၁၃ ပြည့် တန်ဆာ နှိပ်ကွပ်ရေး အက်ဥပဒေ ပုဒ်မ ၃ (က) (ခ) ဖြင့် အမှုဖွင့်ထားကြောင်း ယင်းရဲတပ်ဖွဲ့ စခန်းမှူး ရဲအုပ် စိန်လင်းက ပြောဆိုသည်။

ပြည့်တန်ဆာ ဖမ်းဆီးမှုများမှာ တစ်နိုင်ငံလုံး စာရင်းများအရ ၂၀၁၁ ခုနှစ်က ၁၉၅၆ မှု၊ ၂၀၁၂ ခုနှစ် တွင် ၃၂၂၆ မှုနှင့် ၂၀၁၃ ခုနှစ် မေလအထိ ၆၄၀ မှု ရှိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ထံမှ သိရသည်။

From : ..the voice

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်