Wednesday, August 07, 2013

ခင်ပွန်းကို အိပ်ဆေးတိုက်၊ ဓါးနှင့်ခုတ်သတ်သည့်ဇနီး

Posted by drmyochit Wednesday, August 07, 2013, under | No comments



မြိုင်   သြဂုတ်   ၅

မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် မြိုင်မြို့နယ် ဗဟင်းရဲစခန်းပိုင် တောင်စုံ အုပ်စု ဘောင့်ဘင်ကျေး ရွာတော ၌ ဇူလိုင် ၂၇ ရက် ညက လူသတ်မှု ဖြစ်ပွား သည်။

 ဖြစ်စဉ်မှာ သေဆုံးသူ (သန်းထွန်း) (၄၂နှစ်)ကိုဇနီးဖြစ်သူ မနှင်းရွှေ (၄၃နှစ်) က ခင်ပွန်းဖြစ်သူကို အိပ်ဆေး တိုက်ပြီး အိပ်ပျော်နေစဉ် လည်ပင်း ကို ဓားနှင့်လှီး ပြီး ဓားမဖြင့် ရှစ်ချက် ဆက်တိုက် ခုတ်သတ်ကြောင်း။

သေဆုံးသူ  ကိုသန်းထွန်းနှင့် သတ်သူ မနှင်းရွှေတို့မှာ သားသမီးသုံးဦးရှိပြီး စီးပွားရေးချုပ်ကိုင်လွန်းသည်ဟု ဆိုကာ သတ်ရခြင်းဖြစ်ကြောင်း ၄င်းအမှုကို  မြိုင်မြို့နယ် ဗဟင်းရဲစခန်း စခန်းမှူး ရဲအုပ်ဇော်လင်းနိုင်နှင့်  နယ်ထိန်း ရဲတပ် ဖွဲ့တို့က   နာရီပိုင်းအတွင်း ဖမ်းဆီးပြီး အမှုကို ဆက်လက်စစ်ဆေးဆောင်ရွက်နေကြောင်း သိရ သည်။    

စိန်မြိုင် - သတင်းနှင့် စာနယ်ဇင်း လုပ်ငန်း
From: Thith Htoo Lwin

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်