Wednesday, August 07, 2013

News Feed ပြောင်းလဲမှုနှင့် ပတ်သက်၍ Facebook ရှင်းလင်းမည်

Posted by drmyochit Wednesday, August 07, 2013, under | No comments


နာမည်ကျော် လူမှုကွန်ရက် ကုမ္ပဏီ Facebook က ၎င်း၏ ဝက်ဘ်ဆိုက်ရှိ News Feed များနှင့် ပတ်သက်သော ပြုပြင် ပြောင်းလဲမှုကို ကယ်လီဖိုးနီးယားတွင် ကျင်းပ ပြုလုပ်မည့် အခမ်းအနား တစ်ခု၌ မိတ်ဆက် ပြောကြားမည် ဖြစ်ကြောင်း သိရသည်။

EdgeRank ဟု ခေါ်ဆိုသည့် အဆိုပါ News Feed ranking စနစ်သည် အသုံးပြုသူများအား ၎င်းတို့နှင့် ရင်းနှီးကျွမ်းဝင်သည့် မိတ်ဆွေ အပေါင်းအသင်းများ၊ ပိုမို လူသိများသည့် post များ၊ Like, Share နှင့် Comment အကြိမ်များစွာ ပြုလုပ် ခံရသည့် post များနှင့် အသုံးပြုသူ တစ်ဦးချင်းအတွက် ပိုမိုအရေးပါ မည်ဟုထင်ရသည့် post များကို ဦးစားပေး ဖော်ပြသွားမည် ဖြစ်သည်။ ထို့အပြင် News Feed မှ post များကို အသုံးပြုသူ စိတ်ကြိုက် manual ဖျောက်ထားနိုင်မည့် option ကိုလည်း ထည့်သွင်းပေးထားကြောင်း သိရသည်။

၎င်းပြောင်းလဲမှုကို အသုံးပြုသူ အနည်းငယ်ဖြင့် စမ်းသပ် အသုံးပြုလျက်ရှိရာ Facebook အသုံးပြုသူများမှာ EdgeRank စနစ်ကြောင့် ယခင်ကထက် ၎င်းတို့ သူငယ်ချင်းများထံမှ post များကို ၅ ရာခိုင်နှုန်း မှ ၈ ရာခိုင်နှုန်း အထိ ပိုမိုထိတွေ့ သိရှိလာကြောင်း Facebook မှ ပြောကြားခဲ့သည်။

Ref: Telegraph
From: Internet Journal

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်