Friday, March 15, 2013

ပင်လောင်းမြို့နယ်၊ နောင်ဝိုး တောင်အဆင်းတွင် ကားမှောက်မှုဖြစ်၊ (၃)ဦးသေ၊ ကူညီပေးသူများ တားဆီးမှု ကြုံတွေ့ရ

Posted by drmyochit Friday, March 15, 2013, under | No comments



၁၄-၃-၂၀၁၃ ညနေ ၃း၀၀ နာရီကျော် တွင် ကန္တရ ၀တီ ရှမ်းတောင် ကြီး-လွိုင်ကော် လိုင်းကား သည် လွိုင်ကော် မြို့သို့ အပြန် ရှမ်းပြည်နယ် တောင်ပိုင်း၊ ပင်လောင်း မြို့နယ်၊ နောင်ဝိုး တောင် အဆင်း တွင် ကား တိမ်း မှောက်မှု ဖြစ်ပွား ခဲ့ ပါသည်။


ကားပေါ် ပါ ခရီးသည် (၃၀) ဦး ခန့် တွင် (၃)ဦး ပွဲ ချင်း ပြီး သေ ဆုံး ခဲ့သည်။ အားလုံး နီးပါး ထိခိုက် ဒဏ် ရာ ရကြ သည်။


(၁၀)မိုင်ခန့် ဝေးသည့် ဖယ်ခုံမြို့နယ် “လောကပါလ” လူမှုကူညီရေးအသင်းမှ အခင်းဖြစ်နေရာ သွားရောက် ကာ ထိခိုက် ဒဏ်ရာရကြသူများကို ဖယ်ခုံမြို့နယ် ပြည်သူ့ဆေးရုံသို့ တစ်နာရီအတွင်း ပို့ဆောင်ပေးနိုင်ခဲ့၍ အရေးပေါ် လူနာ (၄)ဦးကို အချိန်မီ ကယ်တင်နိုင်ခဲ့သည်။

၎င်းဖြစ်စဉ်တွင် ဖယ်ခုံမြို့နယ်မှ သွားရောက်ကူညီသူများကို ပင်လောင်းမြို့နယ်အတွင်း ယာဉ်တိမ်းမှောက် မှု ဖြစ်၍ ပင်လောင်းမြို့နယ် ရဲမှူးအလာကို စောင့်ပြီးမှ မိုင်(၂၀)ကျော် ဝေးသည့် ပင်လောင်းဆေးရုံသို့သာ သယ်ရန် ဆောင်းပြောင်း ရဲကင်းစခန်းမှ ရဲဒုတပ်ကြပ်တစ်ဦးက တားဆီးခဲ့သည်။

(၁၀)မိုင်ခန့် သာ ဝေးသည့် ဖယ်ခုံမြို့နယ် ပြည်သူ့ဆေးရုံသို့ အရေးပေါ် လူနာများကို အမြန်ပို့ သင့်ကြောင်း ၀ိုင်းဝန်း ပြော ဆို၍ တားသည့်ကြားမှ ထွက်လာခဲ့၍သာ အရေးပေါ် လူနာများ၏ အသက်ကို အချိန်မီ ကယ်တင် နိုင် ခဲ့ခြင်း ဖြစ်သည်။

အမိန့်အရ ဆိုသော်လည်း လူနာများ၏ ဒုက္ခကို ကိုယ်ချင်း စသင့်လှပေသည်။ ထို့အပြင် ဖယ်ခုံမြို့နယ် ကြက်ခြေ နီ အသင်း၏ တာဝန်မဲ့မှုမှာလည်း သြချရလောက်ပေသည်။ အခင်းဖြစ်နေရာသို့ အကြောင်း ကြားသော် လည်း အချိန်မီ  လာရောက် ကူညီပေးမှု မရှိသည့်အပြင် ဖယ်ခုံမြို့နယ် ဆေးရုံ သို့ ခေတ္တ သာ လာရောက် ၍ လွိုင်ကော်ဆေးရုံသို့ ထပ်ဆင့် ပို့ဆောင် ပေးရမည့် အရေးပေါ် လူနာ (၂) ဦးကို မပို့ပေးဘဲ ကားပေါ် ပါ အဖွဲ့ဝင် များကို ပြန်ပို့ရန်ဟု ဦးဆောင်လာသူမှ အကြောင်းပြ ၍ ပြန်သွား ခဲ့သည်။ မနေနိုင် သည့် အရပ်ဖက် ကားဖြင့် ပို့ဆောင်ပေးပါသော်လည်း လွိုင်ကော် ဆေးရုံ အရောက်၌ တစ်ဦး ထပ်မံ သေဆုံးသွား ခဲ့ရသည်။





ကျော်ထင်အောင်  -  Myanmar News Now

From: Thit Htoo Lwin Blog

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်